နမ့်ခမ်းမြို့တွင် TOYOTA HILUX REVO ယာဉ်ပေါ်မှ သိန်း (၃၀၀၀) ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

PUBLISHED - June 24, 2022
နေပြည်တော်၊ ဇွန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့တွင် TOYOTA HILUX REVO မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့ ည ၈ နာရီအချိန် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊ နမ့်ခမ်း-မူဆယ်သွားလမ်း၊ အမှတ်(၁)မန့်ခမ်းရပ်ကွက်တွင် မူဆယ်မှ နမ့်ခမ်းသို့ ခါးအောင် မောင်းနှင်လာသော TOYOTA HILUX REVO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေး ပြား ၂ ဒသမ ၂၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကွတ်ခိုင်မြို့နယ်မှ နမ့်ခမ်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia
(unicode)
………………………………………..
#PeopleMedia