• Follow Us on
Latest News

Home နမ့်ခမ်းမြို့နယ်တွင် အကြမ်းဖက်သမားက အမျိုးသမီး (၁) ဦးအား သေနတ်ဖြင့်ပစ်ကာ ရွှေနှင့် ငွေသားများ လုယက်သွား

နမ့်ခမ်းမြို့နယ်တွင် အကြမ်းဖက်သမားက အမျိုးသမီး (၁) ဦးအား သေနတ်ဖြင့်ပစ်ကာ ရွှေနှင့် ငွေသားများ လုယက်သွား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ မန့်မြိုင်ကျေးရွာအနီး၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် အကြမ်းဖက်သမားမှ အမျိုးသမီး (၁) ဦးအား သေနတ်ဖြင့် ပစ်ခတ်ကာ ရွှေထည်ပစ္စည်း များနှင့် ငွေသားများကို လုယက်ယူဆောင်သွားကြောင်း သိရသည်။

 

နမ့်ခမ်းမြို့နယ်၊ မန့်မြိုင်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နမ့်ခမ်းမြို့နယ်၊ စယ်ဟိုင်းကျေးရွာနေ မနန်းဖောင်နွမ်း(၄၀)နှစ်သည် ၎င်း၏မိခင်ဖြစ်သူ ဒေါ်နန်းဌေးအောင်(၆၀)နှစ်နှင့်အတူ မန့်မြိုင်ကျေးရွာသို့ ရွှေထည်ပစ္စည်းများသွားရောက်ရောင်းချရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မန့်မြိုင်ကျေးရွာအနီး အရောက်တွင် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်၍ ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေသားများထည့်ထားသည့် အိတ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် မနန်းဖောင်နွမ်း တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး နမ့်ခမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 

#PeopleMedia


Share this post