• Follow Us on
Latest News

Home နမ့်ခမ်းတွင် စစ်သွေးကြွ TNLA အဖွဲ့ဝင်များ စုဖွဲ့နေသည့်နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

နမ့်ခမ်းတွင် စစ်သွေးကြွ TNLA အဖွဲ့ဝင်များ စုဖွဲ့နေသည့်နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် စစ်သွေးကြွ TNLA အဖွဲ့ဝင်များ စုဖွဲ့ထားသည့်နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံး (၂) လုံး ကြဲချကာ ရှင်းလင်းလိုက်ကြောင်း သိရသည်။

 

ယနေ့ စက်တင်ဘာလ (၆)ရက် နံနက် (၁)နာရီခွဲခန့်က စစ်သွေးကြွ TNLA အဖွဲ့ဝင်များ စုဖွဲ့နေသည့်နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ ရှင်းလင်းရာ စစ်သွေးကြွ TNLA အဖွဲ့ဝင်များ စုဖွဲ့နေသည့် နေရာသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကာ စစ်သွေးကြွ TNLA အဖွဲ့ဝင် (၁၁)ဦးခန့် သေဆုံးခဲ့ပြီး (၁၂)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post