နမ့်ခမ်းမြို့တွင် အလုပ်သမားမှ ဆိုင်ရှင်အမျိုးသားကို ကတ်ကြေးဖြင့် ထိုးသတ်

PUBLISHED - September 4, 2023
နေပြည်တော်၊ စက်တင်ဘာ ၄
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်တွင် အလုပ်သမားတစ်ဦးမှ ဆိုင်ရှင်အမျိုးသားတစ်ဦးကို ကတ်ကြေးဖြင့် ထိုးသတ်သွားကြောင်း သိရသည်။
စက်တင်ဘာလ ၃ ရက် နံနက် ၅ နာရီဝန်းကျင်အချိန်တွင် အောင်မေတ္တာရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်ထဲတွင် ဆိုင်ရှင်နှင့် အလုပ်သမားတို့ နှစ်ယောက်ထဲရှိနေစဉ်အတွင်း အလုပ်သမားမှ ဆိုင်ရှင်အမျိုးသား၏ ဦးခေါင်းကို ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။
ထိုသတ်ဖြတ်ခံရသည့် ဆိုင်ရှင်အမျိုးသားမှာ အသက် (၅၀) နှစ်အရွယ် ဦးအောင်သိန်းဖြစ်ပြီး၊ ၎င်းကိုသတ် ဖြတ်သွားသူမှာ ဧရာဝတီတိုင်းမှ လာရောက်လုပ်ကိုင်သည့် အလုပ်သမားဖြစ်ပြီး ၎င်းမှာ ဆိုင်ရှင်အမျိုးသားအား သတ်ဖြတ်ပြီး မော်တော်ဆိုင်ကယ်နှင့် ပိုက်ဆံများကို ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia