နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးသို့ တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိ
PUBLISHED - November 22, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးသို့ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သေဆုံးခဲ့ရကြောင်းကို လူမှုကွန်ရက် စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။
တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီး ၌ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှု ကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်မှ အဆိုပါဖြစ်စဉ်နေရာသို့ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် တပ်မ တော်နှင့် ပြည်သူပူးပေါင်း၍ အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက်နေမှုများကို မလိုလားသည့် ပြည်ဖျက်မီဒီ ယာများက ပြည်သူလူထုနှင့် တပ်မတော်အကြား သွေးကွဲစေရန် ရည်ရွယ်ချက်ဖြင့် သတင်းအမှား၊ သတင်း အတုများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
#PeopleMedia