နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူအား TNLA က ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးပြီး ဌာပနာထားသည့်ပစ္စည်းများကို လည်း ယူဆောင်သွား
PUBLISHED - January 22, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓဘာသာ ဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား TNLA အကြမ်းဖက်သောင်းကျန်းသူများက ဇန်နဝါရီလ ၁၀ ရက်မှစ၍ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်တွင် အပြီးသတ် ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါစေတီတော်အတွင်း ဌာပနာထားသည့်ပစ္စည်းများကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက ယူ ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စေတီတော်သည် ရှေးယခင်က ပလောင်တောင်ပိုင် စော်ဘွားကြီး မဟာသရေစည်သူ စပ်ခွန်ပန်းစိန်က တည်ထားကိုးကွယ်ခဲ့ပြီး ခေတ်အဆက်ဆက်၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူပေါင်းကာ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူ ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့သည့် ဒေသခံဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်တစ်ဆူဖြစ်ကြောင်း သိရ သည်။
TNLA အကြမ်းဖက်သောင်းကျန်းသူများက ယခုကဲ့သို့ ဘုရားစေတီအား ဖျက်ဆီးခဲ့ခြင်းသည် ဗုဒ္ဓဘာသာ အပေါ် ရည်ရွယ်ချက်ရှိရှိ မိုက်ရိုင်းစော်ကားခြင်းဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများ အနေဖြင့် လုံးဝလက်မခံနိုင်ဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
#PeopleMedia