နမ်မိုကုမ္ပဏီထုတ် M72 တင့်ဖျက်လောင်ချာ အလက် ၈၀၀ မလေးရှားကြည်းတပ် ဝယ်ယူမည်

PUBLISHED - July 31, 2024
နိုင်ငံတကာ၊ ဇူလိုင် ၃၁
မလေးရှားကြည်းတပ်ဟာ နော်ဝေ-ဖင်လန် ဖက်စပ် နမ်မိုကုမ္ပဏီ (Nammo) က ထုတ်လုပ်တဲ့ M72 အပေါ့စား တင့်ဖျက်လောင်ချာ (M72 LAW – light anti-tank weapon) အလက် ၈၀၀ ဝယ်ယူဖို့ အမှာစာပေးပို့လိုက်ပါ တယ်။
မှာယူထားတဲ့ M72 တင့်ဖျက်လောင်ချာတွေဟာ အဆင့်မြှင့်တင်ထားတဲ့လက်နက်တွေဖြစ်ပြီး အလေးချိန် ၂.၅ ကီလိုဂရမ် (၅.၅ ပေါင်) ရှိကာ မီတာ ၂၀၀ (၆၅၆ ပေ) အကွာအဝေးကို ထိရောက်စွာ ပစ်ခတ်နိုင်ပါတယ်။
ဒေသတွင်းမီဒီယာတွေက ကြည့်ခွင့်ရခဲ့တဲ့ သတင်းအချက်အလက်တွေအရ အဲဒီတင့်ဖျက်လောင်ချာတွေကို မြို့ပြစစ်ပွဲတွေရော တောတွင်းစစ်ပွဲတွေအပါအဝင် စစ်မြေပြင်နေရာမျိုးစုံက စစ်ဆင်ရေးတွေမှာ အထောက်အ ကူဖြစ်အောင် အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဒီလက်နက်ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးတွေမှာလည်း အသုံးပြုနိုင်ပါတယ်။
လက်နက်ဝယ်ယူရမယ့်ကုန်ကျစရိတ်စုစုပေါင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ M72 EC လောင်ချာတစ် လက်ရဲ့တန်ဖိုးဟာ တစ်လက်ကို ဒေါ်လာ ၁၂၀၀ ဝန်းကျင်ရှိကြောင်း သိရပါတယ်။
အခုလို M72 တင့်ဖျက်လောင်ချာတွေ ရာနဲ့ချီပြီး ဝယ်ယူတာဟာ မလေးရှားနိုင်ငံရဲ့ တင့်ဖျက်လက်နက်တိုက် ကို အဆင့်မြှင့်တင်ရာမှာ မလေးရှားအစိုးရရဲ့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါတယ်။
မလေးရှားတပ်မတော်မှာ လက်ရှိအသုံးပြုနေတာကတော့ ၈၄ မမ ကာဂူးစတပ်နောက်ပွင့်ရိုင်ဖယ်၊ Instalaza C90 နောက်ပွိုင့်ရိုင်ဖယ်နဲ့ Saab Bofors AT4 နောက်ပွင့်ရိုင်ဖယ်တို့ပဲဖြစ်ပါတယ်။
နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ အသုံးပြုနေတဲ့ M72 တင့်ဖျက်လောင်ချာကို ပိုင်ဆိုင်လာမှာဖြစ်တဲ့အတွက် မလေးရှား စစ်တပ်ဟာ အပေါ့စား တင့်/သံချပ်ကာယာဉ်တွေနဲ့ ရန်သူ့ခံစစ်စခန်းတွေကို တိုက်ခို်က်ချေမှုန်းဖို့အတွက် နောက်ထပ် လက်နက်တစ်ခု ရရှိလာတာပဲဖြစ်ပါတယ်။
M72 တင့်ဖျက်လောင်ချာတွေ ရောက်ရှိလာတာနဲ့ တပြိုင်နက် မလေးရှားစစ်တပ် အမှတ် ၁၀ လေကြောင်းချီ တပ်မက လက်ရှိ အသုံးပြုနေတဲ့ RPG-7 လက်နက်တွေကို အစားထိုးသွားမှာဖြစ်ပါတယ်။
နမ်မိုကုမ္ပဏီ (Nammo) ဟာ အမေရိကန်တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ သံချပ်ကာ/ အဆောက်အဦ ဖျက်လက်နက်ဖြစ်တဲ့ တခြားပုံစံတစ်မျိုးနဲ့ ထုတ်လုပ်တဲ့ M72 လောင်ချာတွေကိုလည်း ထုတ်လုပ်လျက်ရှိပါ တယ်။
Ref: Malaysian Army Orders 800 M72 Anti-Tank Weapons From Nammo
#PeopleMedia