• Follow Us on
Latest News

Home နယူးဇီလန်ကြည်းတပ်အတွက် ကုမ္ပဏီသုံးခုကထုတ်လုပ်တဲ့ ဒရုန်းအငယ်စားတွေ ဝယ်ယူမည်

နယူးဇီလန်ကြည်းတပ်အတွက် ကုမ္ပဏီသုံးခုကထုတ်လုပ်တဲ့ ဒရုန်းအငယ်စားတွေ ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁

 

နယူးဇီလန်အစိုးရဟာ နယူးဇီလန်ကြည်းတပ်အတွက် ဒရုန်းအငယ်စားတွေနဲ့ ဆက်စပ်အဝေးထိန်းအာရုံခံကိရိ ယာတွေ ဝယ်ယူဖို့အတွက် မိတ်ဖက်ကုမ္ပဏီသုံးခုနဲ့ သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပါတယ်။

 

အခုအစီအစဉ်သစ်ဟာ ၂၀၂၄ ခုနှစ် မတိုင်မီ နယူးဇီလန်မြေပြင်တပ်ဖွဲ့တွေအတွက် ထောက်လှမ်းရေး၊ ကင်း ထောက်၊ စောင့်ကြည့်ထောက်လှမ်းတာဝန်တွေ ထမ်းဆောင်ရာမှာ အဆင့်မြှင့်တင်နိုင်ဖို့အတွက် လက်ရှိဆောင် ရွက်နေတဲ့ နယူးဇီလန်ကာကွယ်ရေးဝန်ကြီးဌာန Networked Enabled Army program ရဲ့ အစိတ်အပိုင်းတစ် ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

အခုစီမံချက်အတွက် နယူးဇီလန်မြို့တော် ဝယ်လင်တန်အခြေစိုက် EPE ကုမ္ပဏီက 2/1 တော်ဝင်နယူးဇီလန် ခြေလျင်တပ်ရင်းအတွက် အရေအတွက်ဖော်ပြမထားတဲ့ ဒရုန်းအငယ်စားတွေထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။

 

အဲဒီဒရုန်းအငယ်စားတွေကို ကျောပိုးအိတ်ထဲထည့်သယ်သွားနိုင်သလို ၇၅ စက္ကန့်အတွင်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

 

ကန်ထရိုက်စာချုပ်ပါအတိုင်း ၂.၉ ပေါင် (၁၃၂၅ ဂရမ်) အလေးချိန်သာရှိတဲ့ မောင်းသူမဲ့လေယာဉ်အငယ်စား တွေထုတ်လုပ်ပေးဖို့ EPE ကုမ္ပဏီဟာ အမေရိကန်မောင်းသူမဲ့လေယာဉ်/ဆက်စပ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်တဲ့ Skydio ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် နယူးဇီလန်ကြည်းတပ်ဟာ ဒရုန်းတွေနဲ့အတူ ရွေ့လျားပစ်မှတ်တွေကို တည်နေရာရှာဖွေဖော်ထုတ်နိုင်ဖို့ အသံစနစ်၊ မြေငလျင်တိုင်းတာရေးစနစ်နဲ့ အနီအောက်ရောင်ခြည် စွမ်းရည်တွေပေါင်းစပ်ထားတဲ့ အာရုံခံကိရိ ယာစနစ်တွေကိုလည်း လက်ခံရရှိမှာဖြစ်ပါတယ်။

 

“ပိုမိုဘေးကင်းလုံခြုံတဲ့ ကမ္ဘာကြီးဖြစ်ပေါ်လာရေးအထောက်အကူပြုဖို့နဲ့ မဟာဗျူဟာမြောက်အားသာ ချက် တွေထောက်ပံ့ဖို့သာမက ခြိမ်းခြောက်မှုတွေကိုကာကွယ်ရေးအတွက် ဆုံးဖြတ်ချက်ပြုလုပ်ရာမှာ အရည်အသွေး မြှင့်တင်ပေးနိုင်မယ့် နည်းပညာတွေကို နယူးဇီလန်တပ်ဖွဲ့ဝင်တွေကို တပ်ဆင်ပေးနိုင်ရေးအတွက် EPE ကုမ္ပဏီနဲ့ Skydio ကုမ္ပဏီတို့ အလွန်စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ EPE ကုမ္ပဏီ နယူးဇီလန်ရဲ့ အထွေထွေမန်နေဂျာ အန်ဒီခရော့စ်က ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ နယူးဇီလန်ကြည်းတပ်ဟာ သြစတေးလျမောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ Criterion Solutions က ထုတ်လုပ်တဲ့ နာနိုဒရုန်း (ပေါင်ဝက်ခန့်သာ အလေးချိန်ရှိတဲ့ဒရုန်း) တွေကိုလည်း အများအပြား လက်ခံရရှိမှာဖြစ်ပါတယ်။

 

အဲဒီနာနိုဒရုန်းတွေကလည်း ပန်ကာတစ်ခုသာပါပြီး အိတ်ငယ်လေးထဲမှာ ထည့်သွင်းသယ်ဆောင်သွားနိုင်သလို စက္ကန့် ၂၀ အတွင်း တပ်ဆင်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

 

တပြိုင်တည်းမှာပဲ အမေရိကန် Quantum Systems ကုမ္ပဏီကလည်း နယူးဇီလန် အမှတ် ၁၆ ခြေလျင်တပ်ရင်း အတွက် ဒရုန်းအငယ်စားတွေ အများအပြား ထုတ်လုပ်လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

 

Quantum Systems ကုမ္ပဏီထုတ် ဒရုန်းတွေဟာ တောင်ပံတစ်ဖက်နဲ့ တစ်ဖက်ထိပ် ၃ မီတာရှိပြီး ကွန်တိန်နာ အငယ်စားနဲ့ ထုပ်ပိုးသယ်ဆောင်နိုင်သလို ၃ မိနစ်အတွင်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။

 

ဒရုန်းအားလုံးဟာ ဆန်းစစ်လေ့လာမှုတွေနဲ့ စစ်ဆင်ရေးစီမံချက်တွေရေးဆွဲဖို့အတွက် အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေကို ထောက်လှမ်းပေးပြီး ကြည်းတပ်ရဲ့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ပေးသွားမှာဖြစ်တယ်လို့ ယုံကြည်ကြောင်း နယူးဇီလန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

စစ်ရေးဆိုင်ရာအထောက်အကူအဖြစ်အသုံးပြုမယ့် ဒီဒရုန်းတွေကို ရှာဖွေကယ်ဆယ်ရေး၊ လူသားချင်းစာနာမှု အကူအညီလုပ်ငန်းတွေနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း အသုံးပြုသွားမှာ ဖြစ် တယ်လို့ ဆိုပါတယ်။

 

Ref: New Zealand Buys Aerial Drones for Army

 

#PeopleMedia


Share this post