နယူးေယာက္ၿမိဳ႕တြင္ ကို႐ိုနာဗိုင္းရပ္စ္ က်ည္ဆန္ရထားလိုပ်ံ႕ႏွံ႔ေနဟုဆို

PUBLISHED - March 25, 2020
နယူးေယာက္၊ မတ္ – ၂၅
COVID-19 ေရာဂါသည္ နယူးေယာက္ၿမိဳ႕တြင္ က်ည္ဆန္ရထားဆန္ထက္ ပိုျမန္ျမန္ပ်ံ႕ႏွံ႔ေနေၾကာင္း သတိေပး ၿပီး ေဆးဝါးအေထာက္အပံ့မ်ားေပးရန္ ေတာင္းဆိုေၾကာင္း ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးမွဴးအန္ဒ႐ူး ကိုမိုကေျပာသည္။
“ပ်ံံ႕ႏွံ႔မႈႏႈန္းကို မွန္းထားတာထက္မ်ားၿပီး မွန္းထားတာထက္ ျမန္ေနတယ္”ဟု ကိုမိုက သတင္းေထာက္ေတြကို အဂၤါေန႔တြင္ေျပာသည္။
အေမရိကန္ျပည္ေထာင္စုအစိုးရကက အၾကပ္အတည္းရင္ဆိုင္ရန္ လံုေလာက္သည့္အသက္ကယ္ပစၥည္းမ်ား ေပးမထားေၾကာင္းလည္း သူကေျပာသည္။
နယူးေယာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၅၀၀၀ ႐ွိၿပီး ေသဆံုးသူအနည္းဆံုး ၂၁၀ ေယာက္႐ွိေန သည္။
အေမရိကန္ျပည္ေထာင္စုသည္ ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါ၏ေနာက္ထပ္ဗဟိုခ်က္ျဖစ္လာႏိုင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔(W.H.O)က အဂၤါေန႔တြင္ သတိေပးသည္။
လာမည့္ဧၿပီတြင္ စီးပြားေရးလုပ္ငန္းမ်ားအတြက္ အေမရိကန္ျပည္ေထာင္စုကိုျပန္ဖြင့္မည္ဟု သမၼတေဒၚနယ္ ထရမ့္က ေျပာခဲ့ၿပီးေနာက္ W.H.O က သတိေပးခဲ့ျခင္းျဖစ္သည္။
ယေန႔ေန႔လည္အထိစာရင္းမ်ားအရ အေမရိကန္ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၅၄၉၁၆ ေယာက္႐ွိၿပီး ေသဆံုးသူ ၇၈၄ ေယာက္႐ွိသည္။
ျပန္သက္သာသြားသူ ၃၇၉ ေယာက္႐ွိၿပီး လူ ၁ သန္းလွ်င္ ေသဆံုးသူ ၂ ေယာက္ႏွင့္ ကူးစက္ခံရသူ ၁၆၆ ေယာက္႐ွိေနသည္။
Ref: Coronavirus spreading in New York like ‘a bullet train’
#PeopleMedia #NewYork #COVID19
(Unicode)
နယူးယောက်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကျည်ဆန်ရထားလိုပျံ့နှံ့နေဟုဆို
………………………………………………………
နယူးယောက်၊ မတ် – ၂၅
COVID-19 ရောဂါသည် နယူးယောက်မြို့တွင် ကျည်ဆန်ရထားဆန်ထက် ပိုမြန်မြန်ပျံ့နှံ့နေကြောင်း သတိပေး ပြီး ဆေးဝါးအထောက်အပံ့များပေးရန် တောင်းဆိုကြောင်း မြို့တော်အုပ်ချုပ်ရေးမှူးအန်ဒရူး ကိုမိုကပြောသည်။
“ပျံ့နှံ့မှုနှုန်းကို မှန်းထားတာထက်များပြီး မှန်းထားတာထက် မြန်နေတယ်”ဟု ကိုမိုက သတင်းထောက်တွေကို အင်္ဂါနေ့တွင်ပြောသည်။
အမေရိကန်ပြည်ထောင်စုအစိုးရကက အကြပ်အတည်းရင်ဆိုင်ရန် လုံလောက်သည့်အသက်ကယ်ပစ္စည်းများ ပေးမထားကြောင်းလည်း သူကပြောသည်။
နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၅၀၀၀ ရှိပြီး သေဆုံးသူအနည်းဆုံး ၂၁၀ ယောက်ရှိနေ သည်။
အမေရိကန်ပြည်ထောင်စုသည် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ၏နောက်ထပ်ဗဟိုချက်ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က အင်္ဂါနေ့တွင် သတိပေးသည်။
လာမည့်ဧပြီတွင် စီးပွားရေးလုပ်ငန်းများအတွက် အမေရိကန်ပြည်ထောင်စုကိုပြန်ဖွင့်မည်ဟု သမ္မတဒေါ်နယ် ထရမ့်က ပြောခဲ့ပြီးနောက် W.H.O က သတိပေးခဲ့ခြင်းဖြစ်သည်။
ယနေ့နေ့လည်အထိစာရင်းများအရ အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၄၉၁၆ ယောက်ရှိပြီး သေဆုံးသူ ၇၈၄ ယောက်ရှိသည်။
ပြန်သက်သာသွားသူ ၃၇၉ ယောက်ရှိပြီး လူ ၁ သန်းလျှင် သေဆုံးသူ ၂ ယောက်နှင့် ကူးစက်ခံရသူ ၁၆၆ ယောက်ရှိနေသည်။
Ref: Coronavirus spreading in New York like ‘a bullet train’