• Follow Us on

Home နယ္စပ္တပ္ဖြဲ႔မ်ား႐ုတ္သိမ္းရန္ တ႐ုတ္ႏွင့္အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီးမ်ားသေဘာတူ

နယ္စပ္တပ္ဖြဲ႔မ်ား႐ုတ္သိမ္းရန္ တ႐ုတ္ႏွင့္အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီးမ်ားသေဘာတူ

Share this post

နယူးေဒလီ၊ စက္တင္ဘာ ၁၁

နယ္စပ္ထိပ္တိုက္ရင္ဆိုင္ေနသည့္တပ္ဖြဲ႔မ်ားကို အျမန္ဆံုးျဖဳတ္သိမ္းရမည္ဟု သေဘာတူခဲ့ေၾကာင္း အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံတို႔၏ႏိုင္ငံျခားေရး၀န္ႀကီးမ်ား၏ေသာၾကာေန႔ပူးတြဲထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။

အိႏိၵယႏိုင္ငံျခားေရး၀န္ႀကီး အက္စ္ ဂ်ိဳင္႐ွန္ကာႏွင့္ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး ၀မ္ ယီတို႔ ၾကာသပေတးေန႔တြင္ ႐ု႐ွားႏိုင္ငံၿမိဳ႕ေတာ္ေမာ္စကိုၿမိဳ႕မွညီလာခံတစ္ခု၏ၾကားျဖတ္ေဆြးေႏြးမႈမ်ားတြင္ သေဘာတူခဲ့ၿပီး ၿပီးခဲ့သည့္ ဆယ္စုႏွစ္မ်ားအတြင္းအဆိုးဆံုးျဖစ္ေနသည့္ နယ္ေျမမသတ္မွတ္ႏိုင္ေသာနယ္စပ္တြင္ လေပါင္းမ်ားစြာ အျငင္းအခံုျဖစ္ေနမႈမ်ားအဆံုးသတ္ရန္ႀကိဳးစားျခင္းျဖစ္သည္။

သံတမန္ႏွင့္စစ္ဘက္ဆိုင္ရာလမ္းေၾကာင္းမ်ားမွ အိႏၵိယႏိုင္ငံႏွင့္ဆက္လက္ဆက္သြယ္ၿပီး အျငင္းပြားနယ္စပ္တြ င္ ၿငိမ္းခ်မ္းေရးႏွင့္ၿငိမ္သက္ေရးျပန္လည္ထိန္းသိမ္းရန္ ကတိက၀တ္ျပဳေၾကာင္း ေသာၾကာေန႔က တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။

မ႐ွိမျဖစ္အေရးႀကီးသည့္ကိစၥသည္ ႏွစ္ဖက္သေဘာတူထားသည့္ကတိက၀တ္မ်ားကိုခ်ိဳးေဖာက္သည့္ ပစ္ခတ္မႈႏွင့္အျခားအႏၲရာယ္႐ွိေသာလုပ္ရပ္မ်ားကို ခ်က္ခ်င္းရပ္ဆိုင္းရန္ျဖစ္သည္ဟု ၀မ္က ဂ်ိဳင္႐ွန္ကာကိုေျပာသည္။

အျငင္းပြားနယ္စပ္ကိုတရားမ၀င္ျဖတ္ေက်ာ္ၿပီး ကင္းလွည့္ေနသည့္စစ္သားမ်ားကို အိႏၵိယတပ္ဖြဲ႔မ်ားကပစ္ခတ္ခဲ့ ေၾကာင္း တ႐ုတ္ႏိုင္ငံက အဂၤါေန႔တြင္စြပ္စြဲသည္။

Ref: India, China foreign ministers agree to quickly disengage border troops

#PeopleMedia

(unicode)
နယ်စပ်တပ်ဖွဲ့များရုတ်သိမ်းရန် တရုတ်နှင့်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများသဘောတူ
…………………………………………………

နယူးဒေလီ၊ စက်တင်ဘာ ၁၁

နယ်စပ်ထိပ်တိုက်ရင်ဆိုင်နေသည့်တပ်ဖွဲ့များကို အမြန်ဆုံးဖြုတ်သိမ်းရမည်ဟု သဘောတူခဲ့ကြောင်း အိန္ဒိယနှင့်တရုတ်နိုင်ငံတို့၏နိုင်ငံခြားရေးဝန်ကြီးများ၏သောကြာနေ့ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ် ယီတို့ ကြာသပတေးနေ့တွင် ရုရှားနိုင်ငံမြို့တော်မော်စကိုမြို့မှညီလာခံတစ်ခု၏ကြားဖြတ်ဆွေးနွေးမှုများတွင် သဘောတူခဲ့ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းအဆိုးဆုံးဖြစ်နေသည့် နယ်မြေမသတ်မှတ်နိုင်သောနယ်စပ်တွင် လပေါင်းများစွာ အငြင်းအခုံဖြစ်နေမှုများအဆုံးသတ်ရန်ကြိုးစားခြင်းဖြစ်သည်။

သံတမန်နှင့်စစ်ဘက်ဆိုင်ရာလမ်းကြောင်းများမှ အိန္ဒိယနိုင်ငံနှင့်ဆက်လက်ဆက်သွယ်ပြီး အငြင်းပွားနယ်စပ်တွ င် ငြိမ်းချမ်းရေးနှင့်ငြိမ်သက်ရေးပြန်လည်ထိန်းသိမ်းရန် ကတိကဝတ်ပြုကြောင်း သောကြာနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ပါဝင်သည်။

မရှိမဖြစ်အရေးကြီးသည့်ကိစ္စသည် နှစ်ဖက်သဘောတူထားသည့်ကတိကဝတ်များကိုချိုးဖောက်သည့် ပစ်ခတ်မှုနှင့်အခြားအန္တရာယ်ရှိသောလုပ်ရပ်များကို ချက်ချင်းရပ်ဆိုင်းရန်ဖြစ်သည်ဟု ဝမ်က ဂျိုင်ရှန်ကာကိုပြောသည်။

အငြင်းပွားနယ်စပ်ကိုတရားမဝင်ဖြတ်ကျော်ပြီး ကင်းလှည့်နေသည့်စစ်သားများကို အိန္ဒိယတပ်ဖွဲ့များကပစ်ခတ်ခဲ့ ကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင်စွပ်စွဲသည်။

Ref: India, China foreign ministers agree to quickly disengage border troops

#PeopleMedia


Share this post