နယ္စပ္မွာထိပ္တိုက္ေတြ႕ၿပီးတဲ့ေနာက္ တ႐ုတ္နဲ႔ အိႏၵိယ တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္အျပစ္တင္

PUBLISHED - June 17, 2020
နယူးေဒလီ၊ ဇြန္ ၁၇
ပိုင္ဆိုင္မႈအျငင္းပြားေနတဲ့ ဟိမ၀ႏၲာဧရိယာမွာ အိႏၵိယစစ္သားအနည္းဆံုးအေယာက္ ၂၀ ေသဆံုးခဲ့တဲ့ တိုက္ ခိုက္မႈျဖစ္ၿပီးေနာက္ က်ဴးေက်ာ္လာတာလို႔ အိႏၵိယနဲ႔တ႐ုတ္တို႔ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္အျပစ္တင္ ေျပာေနပါတယ္။
ႏွစ္ဖက္စလံုးမွာ က်ဆံုးမႈ႐ွိတယ္လို႔ အိႏိၵယစစ္တပ္ဘက္ကေျပာေပမဲ့ တ႐ုတ္ဘက္ကေတာ့ အေရအတြက္ ဘယ္ေလာက္ဆိုတာမေျပာေသးပါဘူး။
အဂၤါေန႔ကတိုက္ပြဲေတြဟာ ေက်ာက္ခဲေတြ၊ တင္းပုတ္ေတြအသံုးျပဳခဲ့ၿပီး ေသနတ္ပစ္ေဖာက္ခဲ့ျခင္းမ႐ွိပါဘူး။
တာ၀န္ထမ္းေဆာင္ေနတဲ့တပ္ဖြဲ႔၀င္အေရအတြက္တစ္ခုအထိ ဒဏ္ရာျပင္းထန္ေနတယ္လို႔ အိႏိၵယစစ္တပ္ဘက္ ကေျပာပါတယ္။
ထိခိုက္ဒဏ္ရာရတဲ့စစ္သားေတြဟာ ေျမမ်က္ႏွာျပင္အျမင့္ေရာက္ေနၿပီး သုညမွတ္၀န္းက်င္႐ွိတဲ့အပူခ်ိန္ကို ထိ ေတြ႕ခဲ့ရတယ္လို႔လည္း အိႏိၵယစစ္တပ္ထုတ္ျပန္ခ်က္မွာပါ၀င္ပါတယ္။
တနလၤာေန႔လာဒါ့ေဒသကထိပ္တိုက္ရင္ဆိုင္မႈေတြဟာ ပိုင္ဆိုင္မႈအျငင္းပြားနယ္စပ္ေဒသမွာ အနည္းဆံုးၿပီးခဲ့တဲ့ ၄၅ ႏွစ္အတြင္း လူေသဆံုးမႈ႐ွိခဲ့တဲ့တိုက္ပြဲေတြျဖစ္ပါတယ္။
တည္ၿငိမ္ေနတဲ့အေျခအေနကို တစ္ဖက္သတ္ေျပာင္းလဲလိုက္တာလို႔ တ႐ုတ္ကို အိႏၵိယကေျပာၿပီး အိႏိၵယတပ္ ဖြဲ႕ေတြက တ႐ုတ္တပ္ဖြဲ႔၀င္ေတြကိုတိုက္ခိုက္ခဲ့တာလို႔ တ႐ုတ္ဘက္က စြပ္စြဲပါတယ္။
ေနာက္ပိုင္းမွာေတာ့ ႏွစ္ဖက္စစ္တပ္ေတြဟာ တင္းမာမႈေတြေလွ်ာ့ခ်ဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ပါတယ္။
Ref : India-China clash: Two sides blame each other for deadly fighting
(unicode)
နယ်စပ်မှာထိပ်တိုက်တွေ့ပြီးတဲ့နောက် တရုတ်နဲ့ အိန္ဒိယ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်အပြစ်တင်
…………………………………………………
နယူးဒေလီ၊ ဇွန် ၁၇
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာဧရိယာမှာ အိန္ဒိယစစ်သားအနည်းဆုံးအယောက် ၂၀ သေဆုံးခဲ့တဲ့ တိုက် ခိုက်မှုဖြစ်ပြီးနောက် ကျူးကျော်လာတာလို့ အိန္ဒိယနဲ့တရုတ်တို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အပြစ်တင် ပြောနေပါတယ်။
နှစ်ဖက်စလုံးမှာ ကျဆုံးမှုရှိတယ်လို့ အိန္ဒိယစစ်တပ်ဘက်ကပြောပေမဲ့ တရုတ်ဘက်ကတော့ အရေအတွက် ဘယ်လောက်ဆိုတာမပြောသေးပါဘူး။
အင်္ဂါနေ့ကတိုက်ပွဲတွေဟာ ကျောက်ခဲတွေ၊ တင်းပုတ်တွေအသုံးပြုခဲ့ပြီး သေနတ်ပစ်ဖောက်ခဲ့ခြင်းမရှိပါဘူး။
တာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်အရေအတွက်တစ်ခုအထိ ဒဏ်ရာပြင်းထန်နေတယ်လို့ အိန္ဒိယစစ်တပ်ဘက် ကပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့စစ်သားတွေဟာ မြေမျက်နှာပြင်အမြင့်ရောက်နေပြီး သုညမှတ်ဝန်းကျင်ရှိတဲ့အပူချိန်ကို ထိ တွေ့ခဲ့ရတယ်လို့လည်း အိန္ဒိယစစ်တပ်ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
တနင်္လာနေ့လာဒါ့ဒေသကထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ပိုင်ဆိုင်မှုအငြင်းပွားနယ်စပ်ဒေသမှာ အနည်းဆုံးပြီးခဲ့တဲ့ ၄၅ နှစ်အတွင်း လူသေဆုံးမှုရှိခဲ့တဲ့တိုက်ပွဲတွေဖြစ်ပါတယ်။
တည်ငြိမ်နေတဲ့အခြေအနေကို တစ်ဖက်သတ်ပြောင်းလဲလိုက်တာလို့ တရုတ်ကို အိန္ဒိယကပြောပြီး အိန္ဒိယတပ် ဖွဲ့တွေက တရုတ်တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တာလို့ တရုတ်ဘက်က စွပ်စွဲပါတယ်။
နောက်ပိုင်းမှာတော့ နှစ်ဖက်စစ်တပ်တွေဟာ တင်းမာမှုတွေလျှော့ချဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
Ref : India-China clash: Two sides blame each other for deadly fighting