
PUBLISHED - June 20, 2020
နယူးဒေလီ၊ ဇွန် ၂၀
#PeopleMedia
(unicode)
နယ်စပ်လုံခြုံအောင် အိန္ဒိယစစ်တပ်လုပ်ပေးမယ်လို့ အိန္ဒိယဝန်ကြီး ချုပ် ကတိပြု
…………………………………………………
နယူးဒေလီ၊ ဇွန် ၂၀
တကယ်လို့လိုအပ်လာမယ်ဆိုရင် နယ်စပ်ကိုကာကွယ်ဖို့ စစ်တပ်အင်အားသုံးမယ်ဆိုပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကကတိပြုပါတယ်။
တနင်္လာနေ့က နယ်စပ်မှာ တရုတ်တပ်ဖွဲ့တွေနဲ့ အင်အားသုံးတိုက်ခိုက်မှုတွေကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးခဲ့ပြီးနောက် အခုလိုပြောတာပါ။
အိန္ဒိယနယ်မြေထဲမှာ ဘယ်နိုင်ငံခြားစစ်သားမှမရှိသလို နယ်မြေဆုံးရှုံးခဲ့တာလည်းမရှိဘူးလို့ မိုဒီကပြောပါတယ်။
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ဟိမဝန္တာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ထိတွေ့မှုတွေမှာ အထိအခိုက်ရှိ၊ မရှိ တရုတ်ဘက်က မထုတ်ပြန်သေးပါဘူး။
နျူကလီးယားပိုင်ဆိုင်တဲ့အင်အားကြီး ၂ နိုင်ငံဟာ နယ်မြေပိုင်းခြားသတ်မှတ်မှုအားနည်းတဲ့နယ်စပ်ကို ကျော် လာတယ်လို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်စွပ်စွဲပြီး ရန်စတယ်လို့လည်းပြောနေကြပါတယ်။
Ref : Galwan Valley: India PM Modi says military will keep borders secure
#PeopleMedia