နယ္စပ္ေက်ာ္လာသည့္ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားကို အိႏၵိယနယ္ျခားေစာင့္တပ္ဖြဲ႔အေသပစ္သတ္

PUBLISHED - November 21, 2020
ဒါကာ၊ ႏို၀င္ဘာ ၂၁
ကာသီယာမာရီနယ္စပ္တြင္ အိႏၵိယနယ္ျခားေစာင့္လံုၿခံဳေရးတပ္ဖြဲ႕က နယ္စပ္ေက်ာ္လာသည့္ ဘဂၤလား ေဒ့႐ွ္ႏိုင္ငံသားတေယာက္ကို စေနေန႔အေစာပိုင္းတြင္ အေသပစ္သတ္သည္။
ေမွာင္ခိုကုန္ကူးရန္ ေနာက္ထပ္လူ ၁၀ ေယာက္၊ ၁၂ ေယာက္ခန္႔ႏွင့္အတူ ေသဆံုးသူပါ၀င္ေနျခင္းျဖစ္ေၾကာင္း ရဲမ်ားႏွင့္ ေဒသခံမ်ားကေျပာသည္။
ေသဆုံးသူသည္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွ ခတ္တီယာမာရီ႐ြာတြင္ေနထိုင္သူ အသက္ ၂၈ ႏွစ္အ႐ြယ္အမ်ိဳးသား ျဖစ္ေၾကာင္း ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႔ တပ္ရင္းအမွတ္ ၃၅ မွ ဒုတိယဗိုလ္မွဴးႀကီး အဇက္က အတည္ျပဳသည္။
ေသဆံုးသူအပါအ၀င္လူအုပ္စုက သံဆူးႀကိဳးတပ္ၿခံစည္း႐ိုးခတ္ထားသည့္နယ္စပ္သို႔ခ်ည္းကပ္လာေသာအခါ အိႏၵိယနယ္ျခားေစာင့္တပ္ဖြဲ႔က ပစ္ခတ္ခဲ့သည္။
ပစ္ခတ္ခံရၿပီးေနာက္ ဒဏ္ရာရသူကို ေဒသေဆး႐ံုေခၚသြားၿပီးေနာက္ ဆရာ၀န္က ေသဆံုးခဲ့ေၾကာင္း အတည္ျပဳသည္။
ထိုျဖစ္ရပ္ကိုဆန္႔က်င္ေၾကာင္း အိႏၵိယနယ္ျခားေစာင့္တပ္ဖြဲ႔ထံ စာေပးပို႔သြားမည္ဟုလည္း အဇက္ကေျပာသည္။
Ref : Bangladeshi man shot dead by BSF along Kurigram border
#PeopleMedia
(unicode)
နယ်စပ်ကျော်လာသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့အသေပစ်သတ်
………………………………….
ဒါကာ၊ နိုဝင်ဘာ ၂၁
ကာသီယာမာရီနယ်စပ်တွင် အိန္ဒိယနယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့က နယ်စပ်ကျော်လာသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားတယောက်ကို စနေနေ့အစောပိုင်းတွင် အသေပစ်သတ်သည်။
မှောင်ခိုကုန်ကူးရန် နောက်ထပ်လူ ၁၀ ယောက်၊ ၁၂ ယောက်ခန့်နှင့်အတူ သေဆုံးသူပါဝင်နေခြင်းဖြစ်ကြောင်း ရဲများနှင့် ဒေသခံများကပြောသည်။
သေဆုံးသူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခတ်တီယာမာရီရွာတွင်နေထိုင်သူ အသက် ၂၈ နှစ်အရွယ်အမျိုးသား ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းအမှတ် ၃၅ မှ ဒုတိယဗိုလ်မှူးကြီး အဇက်က အတည်ပြုသည်။
သေဆုံးသူအပါအဝင်လူအုပ်စုက သံဆူးကြိုးတပ်ခြံစည်းရိုးခတ်ထားသည့်နယ်စပ်သို့ချည်းကပ်လာသောအခါ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က ပစ်ခတ်ခဲ့သည်။
ပစ်ခတ်ခံရပြီးနောက် ဒဏ်ရာရသူကို ဒေသဆေးရုံခေါ်သွားပြီးနောက် ဆရာဝန်က သေဆုံးခဲ့ကြောင်း အတည်ပြုသည်။
ထိုဖြစ်ရပ်ကိုဆန့်ကျင်ကြောင်း အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ထံ စာပေးပို့သွားမည်ဟုလည်း အဇက်ကပြောသည်။
Ref : Bangladeshi man shot dead by BSF along Kurigram border
#PeopleMedia