နယ္ေက်ာ္လာေသာအေမရိကန္ႏွင့္ဆြီဒင္ကင္းေထာက္ေလယာဥ္မ်ားကို ႐ု႐ွားဂ်က္တိုက္ေလယာ ဥ္လိုက္ပါေစာင့္ေ႐ွာက္

PUBLISHED - September 10, 2020
ေမာ္စကို၊ စက္တင္ဘာ ၉
႐ု႐ွား Su-27 ဂ်က္တိုက္ေလယာဥ္တစ္စင္းက ေဘာ္လ္တစ္ပင္လယ္တြင္ အေမရိကန္ RC-135 ကင္းေထာက္ေလယာဥ္တစ္စင္းႏွင့္ ဆြီဒင္ Gulfstream ကင္းေထာက္ေလယာဥ္တစ္စင္းတို႔ကို လိုက္ပါေစာင့္ေ႐ွာက္ခဲ့ေၾကာင္း ႐ု႐ွားအမ်ိဳးသားကာကြယ္ေရးထိန္းခ်ဳပ္မႈစင္တာက အဂၤါေန႔တြင္ေျပာသည္။
႐ု႐ွားနယ္စပ္သို႔ ထိုေလယာဥ္ ၂ စင္းခ်ည္းကပ္လာသည္ကို ႐ု႐ွားေရဒါမ်ားကဖမ္းမိခဲ့ေၾကာင္း စင္တာကေျပာသည္။
ေဘာ္လ္တစ္ေရတပ္ Su-27 ဂ်က္တိုက္ေလယာဥ္က ထိုေလယာဥ္မ်ားကို အေထာက္အထားျပခိုင္းရန္ႏွင့္ တားဆီးရန္ ပ်ံတက္ခဲ့သည္။
႐ု႐ွားေလယာဥ္က ထိုေလယာဥ္သည္ အေမရိကန္ RC-135 ကင္းေထာက္ေလယာဥ္ႏွင့္ ဆြီဒင္ Gulfstream ကင္းေထာက္ေလယာဥ္တို႔ျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့သည္ဟု စင္တာကေျပာသည္။
ထိုေလယာဥ္ ၂ စင္း႐ု႐ွားနယ္စပ္မွျပန္လွည့္သြားၿပီးေနာက္ ႐ု႐ွားဂ်က္ေလယာဥ္က မိခင္ေလယာဥ္ကြင္းသို႔ျပန္ခဲ့ေၾကာင္းလည္း စင္တာက သတင္းေပးသည္။
Ref : Russian fighter jet escorts US, Swedish recon planes over Baltic Sea
#PeopleMedia
(Unicode)
နယ်ကျော်လာသောအမေရိကန်နှင့်ဆွီဒင်ကင်းထောက်လေယာဉ်များကို ရုရှားဂျက်တိုက်လေယာ ဉ်လိုက်ပါစောင့်ရှောက်
……………………………………………………
မော်စကို၊ စက်တင်ဘာ ၉
ရုရှား Su-27 ဂျက်တိုက်လေယာဉ်တစ်စင်းက ဘော်လ်တစ်ပင်လယ်တွင် အမေရိကန် RC-135 ကင်းထောက်လေယာဉ်တစ်စင်းနှင့် ဆွီဒင် Gulfstream ကင်းထောက်လေယာဉ်တစ်စင်းတို့ကို လိုက်ပါစောင့်ရှောက်ခဲ့ကြောင်း ရုရှားအမျိုးသားကာကွယ်ရေးထိန်းချုပ်မှုစင်တာက အင်္ဂါနေ့တွင်ပြောသည်။
ရုရှားနယ်စပ်သို့ ထိုလေယာဉ် ၂ စင်းချည်းကပ်လာသည်ကို ရုရှားရေဒါများကဖမ်းမိခဲ့ကြောင်း စင်တာကပြောသည်။
ဘော်လ်တစ်ရေတပ် Su-27 ဂျက်တိုက်လေယာဉ်က ထိုလေယာဉ်များကို အထောက်အထားပြခိုင်းရန်နှင့် တားဆီးရန် ပျံတက်ခဲ့သည်။
ရုရှားလေယာဉ်က ထိုလေယာဉ်သည် အမေရိကန် RC-135 ကင်းထောက်လေယာဉ်နှင့် ဆွီဒင် Gulfstream ကင်းထောက်လေယာဉ်တို့ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်ဟု စင်တာကပြောသည်။
ထိုလေယာဉ် ၂ စင်းရုရှားနယ်စပ်မှပြန်လှည့်သွားပြီးနောက် ရုရှားဂျက်လေယာဉ်က မိခင်လေယာဉ်ကွင်းသို့ပြန်ခဲ့ကြောင်းလည်း စင်တာက သတင်းပေးသည်။
Ref : Russian fighter jet escorts US, Swedish recon planes over Baltic Sea
#PeopleMedia