နယ္ေျမအျငင္းပြားေနတဲ့နယ္စပ္မွာ တပ္ခြာေနဖို႔ အိႏိၵယနဲ႔ တ႐ုတ္စစ္ တပ္တို႔ သေဘာတူ
PUBLISHED - June 24, 2020
နယူးေဒလီ၊ ဇြန္ ၂၃
ၿပီးခဲ့တဲ့တစ္ပတ္က ႏွစ္ႏိုင္ငံစစ္သားေတြထိေတြ႕မႈျဖစ္ပြားခဲ့ၿပီး အိႏိၵယတပ္ဖြဲ႕၀င္အနည္းဆံုးအေယာက္ ၂၀ ေသဆံုးခဲ့တဲ့ ျဖစ္ရပ္ေနာက္ပိုင္း အိႏၵိယနဲ႔တ႐ုတ္စစ္တပ္ေတြရဲ႕အရာ႐ွိႀကီးေတြက နယ္ေျမအျငင္းပြားမႈ႐ွိေနတဲ့ေနရာကေနခြာေနမယ္လို႔ သေဘာတူခဲ့တယ္ဆိုၿပီး ဒီေန႔မွာ အိႏၵိယအစိုးရသတင္းရင္းျမစ္ေတြကေျပာပါတယ္။
ဟိမ၀ႏၲာအေနာက္ပိုင္းမွာ႐ွိတဲ့လာဒါ့ေဒသမွာတင္းမာမႈေတြေလွ်ာ့ခ်ဖို႔ ႏွစ္ဖက္စစ္တပ္အရာ႐ွိေတြ တနလၤာေန႔က နာရီေတာ္ ေတာ္ၾကာေအာင္ ေတြ႕ဆံုေဆြးေႏြးခဲ့ၿပီးေနာက္ အခုလိုသေဘာတူႏိုင္ခဲ့တာပါ။
လာဒါ့အေ႐ွ႕ပိုင္းကတင္းမာေနတဲ့ေနရာတိုင္းမွာ ဆုတ္ခြာဖို႔ပံုစံေတြကို ေဆြးေႏြးခဲ့ၿပီး ႏွစ္ဖက္စလံုးက လိုက္နာသြားမယ္လို႔ အိႏိၵယအစိုးရသတင္းရင္းျမစ္ကေျပာပါတယ္။
ၿပီးခဲ့တဲ့တစ္ပတ္က ထိေတြ႕မႈေတြဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တင္းမာေနတဲ့ေနရာမွာ လူေသဆံုးမႈ႐ွိခဲ့တဲ့ျဖစ္ရပ္ပါ။
Ref : Indian and Chinese military agree to disengage in disputed Himalayan border
#PeopleMedia
(unicode)
နယ်မြေအငြင်းပွားနေတဲ့နယ်စပ်မှာ တပ်ခွာနေဖို့ အိန္ဒိယနဲ့ တရုတ်စစ် တပ်တို့ သဘောတူ
……………………………………………………
နယူးဒေလီ၊ ဇွန် ၂၃
ပြီးခဲ့တဲ့တစ်ပတ်က နှစ်နိုင်ငံစစ်သားတွေထိတွေ့မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင်အနည်းဆုံးအယောက် ၂၀ သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း အိန္ဒိယနဲ့တရုတ်စစ်တပ်တွေရဲ့အရာရှိကြီးတွေက နယ်မြေအငြင်းပွားမှုရှိနေတဲ့နေရာကနေခွာနေမယ်လို့ သဘောတူခဲ့တယ်ဆိုပြီး ဒီနေ့မှာ အိန္ဒိယအစိုးရသတင်းရင်းမြစ်တွေကပြောပါတယ်။
ဟိမဝန္တာအနောက်ပိုင်းမှာရှိတဲ့လာဒါ့ဒေသမှာတင်းမာမှုတွေလျှော့ချဖို့ နှစ်ဖက်စစ်တပ်အရာရှိတွေ တနင်္လာနေ့က နာရီတော် တော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုသဘောတူနိုင်ခဲ့တာပါ။
လာဒါ့အရှေ့ပိုင်းကတင်းမာနေတဲ့နေရာတိုင်းမှာ ဆုတ်ခွာဖို့ပုံစံတွေကို ဆွေးနွေးခဲ့ပြီး နှစ်ဖက်စလုံးက လိုက်နာသွားမယ်လို့ အိန္ဒိယအစိုးရသတင်းရင်းမြစ်ကပြောပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ထိတွေ့မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တင်းမာနေတဲ့နေရာမှာ လူသေဆုံးမှုရှိခဲ့တဲ့ဖြစ်ရပ်ပါ။
Ref : Indian and Chinese military agree to disengage in disputed Himalayan border
#PeopleMedia