• Follow Us on
Latest News

Home နယ်စပ်ကိုဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားတွေကို သတိပေးပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပြော

နယ်စပ်ကိုဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားတွေကို သတိပေးပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၁၁

 

မြောက်ကိုရီးယား စစ်သားတစ်စုဟာ နှစ်နိုင်ငံကြား စစ်မဲ့ဇုန်(DMZ) ထဲကို တနင်္ဂနွေနေ့က ဖြတ်ကျော်ဝင် ရောက်ခဲ့တဲ့အတွက် တောင်ကိုရီးယား စစ်သားတွေဟာ သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

သတိပေးပစ်ခတ်မှုကြောင့် မြောက်ကိုရီးယားစစ်သားတွေဟာ သူတို့နယ်စပ်ဘက်ကို ပြန်လည်ထွက်ခွာသွား ခဲ့ကြပြီး လက်ရှိအချိန်အထိ မြောက်ကိုရီးယားဘက်က ထူးထူးခြားခြားလုပ်ဆောင်မှုမျိုးမရှိသေးဘူးလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

 

ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အဆိုပါသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီးတင်းပတ်အတွင်းကပဲ တောင်ကိုရီးယားနိုင်ငံရဲ့ ဝါဒဖြန့်အသံချဲ့စက် ထုတ်လွှင့်မှုတွေကြောင့် မြောက်ကိုရီး ယားဟာ အမှိုက်တွေပြည့်နေတဲ့ မိုးပျံပူပေါင်း ၁၀၀၀ ကျော် တောင်ကိုရီးယားနိုင်ငံထဲကို ပေးပို့ခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ တောင်ကိုရီးယားက ဝါဒဖြန့်ထုတ်လွှင့်မှုတွေကို ပြန်လည်စတင်နေတဲ့အတွက် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူက “ထိပ်တိုက်ရင်ဆိုင်မှု အကျပ်အတည်းကို နှိုးဆွနေပြီး  အလွန် အန္တရာယ်များတဲ့ အခြေအနေတစ်ခုရဲ့ ရှေ့ပြေးနိမိတ်တစ်ခုပါပဲ” လို့ပြောပါတယ်။

 

၂၀၁၅ ခုနှစ်ကလည်း တောင်ကိုရီးယားရဲ့ ဝါဒဖြန့်ထုတ်လွှင့်မှုတွေကြောင့် မြောက်ကိုရီယားက နယ်စပ်ဖြတ် ကျော် အမြောက်ကျည်တွေကိုပစ်ခတ်ခဲ့ရာ နှစ်ဖက် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

Ref; aljazeera

 

#PeopleMedia


Share this post