• Follow Us on
Latest News

Home နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုများသည် နှစ်နိုင်ငံအစိုးရများ၏ စီမံခန့်ခွဲမှုအောက်၌သာရှိမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုများသည် နှစ်နိုင်ငံအစိုးရများ၏ စီမံခန့်ခွဲမှုအောက်၌သာရှိမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

Share this post

နေပြည်တော်၊ မတ် ၅

 

နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုများသည် နှစ်နိုင်ငံ အစိုးရများ၏ စီမံခန့်ခွဲမှုအောက်၌သာ ရှိမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

 

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ မီဒီယာများ၊ အဖွဲ့အစည်းများ၏ မေးမြန်းမှုများအား ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး တိကျခိုင်လုံမှုမရှိပဲနှင့် လိုရာဆွဲပြီး ပြောဆိုနေသည်များ တွေ့ရကြောင်း၊ မိမိအနေနှင့် ပထမဦးဆုံး အသိ ပေးလိုသည်မှာ ထိုဆွေးနွေးမှုကို ယခုလဆန်းပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း၊ ထိုဒီဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး၊ ဆက်လက်ဆွေးနွေးရမည်များကို မထိခိုက်စေရေးအတွက် ဆွေးနွေးသည့် အချက်အလက်များကို နှစ်ဦးနှစ် ဘက်က ထုတ်ဖော်မပြောရန် သဘောတူထားသည့် ဆွေးနွေးပွဲအမျိုးအစားများဖြစ်ကြောင်း၊ မိမိအနေနှင့် ဆွေးနွေးပွဲ အကြောင်းအရာများနှင့် သဘောတူညီချက်များကို ပြောကြားမည်မဟုတ်ကြောင်း ဖြစ်ပေါ်နေသည့် ကောလာဟလအပေါ်တွင် ပြည်သူလူထု၊ မီဒီယာများ သိသင့်သိထိုက်အသိပေးရာများကိုသာ ပြောကြား လိုကြောင်း ပြောသည်။

 

“အဲ့ဒါတွေကတော့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံပိုင်နက် နယ်နမိတ် အချုပ်အခြာအာဏာ Sovereignty သည် ဆက်လက်ခိုင်မြဲနေမှာဖြစ်ပါတယ်။ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကိုရှေးရှုပြီး ပစ် ခတ်တိုက်ခိုက်မှု ရပ်ဆဲနဲ့ ပဋိပက္ခလျော့ချရေး လမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့ဟာ နှစ်နိုင်ငံ အစိုးရများရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိမှာဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်-မြန်မာ နှစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် အကျိုးစီးပွားများကို မြန်မာအစိုးရ အနေနှင့် အလေးထား ကာကွယ်မှုများ ဆောင်ရွက်နေကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးကို ထိခိုက်စေသည့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ၊ Cyber မှုခင်းကိစ္စများကို နှစ်နိုင်ငံ အစိုးရနှစ်ရပ်ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ပြောသည်။

 

မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေများကို အသုံးပြုပြီး အိမ်းနီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်သည့် မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေး နွေးမှုကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သက်ဆိုင်သူအားလုံး ကို ကျေးဇူးတင်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

#PeopleMedia


Share this post