• Follow Us on

Home နယ်စပ်တည်ငြိမ်အေးချမ်းမှုကိုကာကွယ်ထိန်းသိမ်း၍ တရုတ်ဘက်နယ်စပ်ပြည်သူများ တစ်ကိုယ်ရေနှင့် စည်း စိမ်ဥစ္စာဘေးကင်းလုံခြုံမှုကိုအာမခံပေးစေလိုကြောင်း တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

နယ်စပ်တည်ငြိမ်အေးချမ်းမှုကိုကာကွယ်ထိန်းသိမ်း၍ တရုတ်ဘက်နယ်စပ်ပြည်သူများ တစ်ကိုယ်ရေနှင့် စည်း စိမ်ဥစ္စာဘေးကင်းလုံခြုံမှုကိုအာမခံပေးစေလိုကြောင်း တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၇

 

မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ နယ်စပ်တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်း၍ တရုတ်ဘက် နယ်စပ်ပြည်သူများ တစ်ကိုယ်ရေနှင့် စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုကို အာမခံပေးစေလိုကြောင်း၊ တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong က ပြောသည်။

 

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong သည် မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ လာရောက်ခဲ့သည်။ လာရောက်နေစဉ်အတွင်း Mr. Nong Rong သည် မြန်မာ နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

Mr. Nong Rong က တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံက ဆော လျင်စွာတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံ ဥပဒေနှင့် တရားဥပဒေမူဘောင်အောက်တွင် သဘောထားကွဲလွဲမှုများအား ဖြေရှင်း၍ တွေ့ဆုံဆွေးနွေးမှုဖြင့် ပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရန် အားပေးပါကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ နယ်စပ်တည် ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်း၍ တရုတ်ဘက် နယ်စပ်ပြည်သူများ တစ်ကိုယ်ရေနှင့်စည်းစိမ်ဥစ္စာဘေး ကင်းလုံခြုံမှုကို အာမခံပေးစေလိုကြောင်း၊ ထိရောက်သောအစီအမံများဖော်ဆောင်၍ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ သားများ၊ အဖွဲ့အစည်းနှင့် စီမံကိန်းများလုံခြုံမှုကို မြှင့်တင်စေလိုပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အတူ ပူးပေါင်း၍ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူး လွန်မှုများကို ဆက်လက်တိုက်ဖျက်သွားလိုကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံကဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထပ်မံအလေးထားပြောကြားခဲ့၍ တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့်စပ်လျဉ်းသည့်ကိစ္စများတွင် တရုတ်နိုင်ငံ၏ သဘောထားကို ခိုင်မာစွာထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုအစီအမံ၊ ကမ္ဘာလုံး ဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံများကို လက်တွေ့ဖော်ဆောင်ကာ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံပူးပေါင်း ဆောင်ရွက်မှုကို ဖော်ဆောင်သွားလိုကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ ဘေးကင်း လုံခြုံမှုကို လက်တွေ့ကျကျ စောင့်ရှောက်ကာကွယ်ပေးကာ မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း မှုကို ထိန်းသိမ်းသွားလိုကြောင်း၊ မြန်မာနိုင်ငံသည် တရုတ် စသည့်အိမ်နီးချင်းနိုင်ငံများနှင့်အတူ အွန်လိုင်း လောင်းကစား ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲတရားဥပဒေစိုးမိုးမှု လှုပ်ရှားမှုများကို ဆက်လက်ဖော်ဆောင်၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သောပတ်ဝန်းကျင် ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ခရီးစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong သည် တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စသည့် တရုတ်-မြန်မာအတူတည်ဆောက်သော Belt and Road အရေးပါစီမံကိန်းများ ကိုလည်း သွားရောက်လေ့လာခဲ့ပြီး၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post