နယ်စပ်ဒေမှာ စစ်ရှောင်ဒုက္ခသည်တွေ ထောင်နဲ့ချီပြီး သောင်တင်နေစဉ်အတွင်း ဘင်္ဂလီဒုက္ခသည်တချို့ စစ်ပွဲ မှာပါဝင်တိုက်ခိုက်နေကြောင်း သတင်းတွေထွက်ပေါ်

PUBLISHED - February 20, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀
မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသမှာ လူဦးရေထောင်ချီပြီး သောင်တင်နေစဉ်အတွင်း ဘင်္ဂလီ ဒုက္ခသည် အများအပြားဟာ မြန်မာနိုင်ငံထဲက လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ ထွက်ခွာ သွားကြ တယ်လို့ အတည်မပြုနိုင်တဲ့သတင်းတွေထွက်ပေါ်လာခဲ့ပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန် ကြေညာ တာမျိုးမတွေ့ရသေးဘူးလို့ ဒါကာထရီဗျူးသတင်းဌာနမှာ ရေးသားထားပါတယ်။
နတ်မြစ်တစ်ဖက်ကမ်း မြန်မာနိုင်ငံဘက်က သေနတ်သံတွေကြးနေရစဉ်အတွင်း ကော့ဘဇားခရိုင်ထဲက ဘင်္ဂလီ ဒုက္ခသည်စခန်းတွေမှာ တနင်္လာနေ့က စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက် မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်တွေနဲ့ ရခိုင့်တပ်တော်ခေါ် AA သူပုန်အဖွဲ့တို့ ကြားက တိုက်ပွဲဖြစ် ပွားနေတဲ့အသံတွေကိုကြားရစဉ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နက်ဖ်ဒေသခံပြည်သူတွေက ကြောက် ရွံ့နေကြတဲ့အပြင် နတ်မြစ်တစ်လျှောက် နောက်ထပ် ဘင်္ဂလီဒုက္ခသည်တွေ ထပ်မံစိမ့်ဝင်လာမှာကို စိုးရိမ်နေကြ ပါတယ်။
ဒုက္ခသည်စခန်းအပေါ် လူသိရှင်ကြား အကျိုးသက်ရောက်မှုမရှိပေမဲ့လည်း စိုးရိမ်မှုတွေရှိနေကြောင်း နေရပ်ပြန် လည်ပို့ဆောင်ရေးအာဏာပိုင်တွေက ပြောပါတယ်။ အူခီယာဒေသဘက်မှာ အခြေအနေတွေတည်ငြိမ်နေပေမဲ့ တိုက်ပွဲတွေက တက်ခ်နက်ဖ်ဘက်ကို တဖြည်းဖြည်း နီးကပ်လာတယ်လို့ဆိုပါတယ်။
စစ်ပွဲထဲမှာ ပါဝင်တိုက်ခိုက်နေပြီလားလို့ မေးမြန်းတဲ့အခါ “မြန်မာ့တပ်မတော်ကို မုန်းတီးနေတဲ့ ဘင်္ဂလီဒုက္ခ သည်တွေရဲ့ ဒေါသတွေဟာ အဲဒီဒေသမှာ ရှိနေပြီးသားဖြစ်ကြောင်း” ကူတူပါလောင်ဒုက္ခသည်စခန်းက အမည် မဖော်လိုတဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။
ရခိုင့်တပ်တော်ခေါ် AA သူပုန်အဖွဲ့က မြန်မာ့တပ်မတော်ကို အသာစီးနဲ့ တိုက်ခိုက်နေတာကို မြင်ရတဲ့အချိန်မှာ ဘင်္ဂလီတချို့က အဲဒီစစ်ပွဲထဲကို ပါဝင်တိုက်ခိုက်ချင်လာတယ်လို့ ဆိုပါတယ်။
စစ်ပွဲထဲပါဝင်တိုက်ခိုက်ဖို့ ထွက်သွားတဲ့သူတွေကို စစ်သင်တန်း တစ်ပတ်/နှစ်ပတ် သင်ကြားပေးပြီး စစ်မြေပြင် ကို လွှတ်လိုက်တယ်လို့ ကြားရကြောင်း ဒုက္ခသည်စခန်းကလူတွေက ပြောပါတယ်။
ဒါပေမဲ့ ဒုက္ခသည်စခန်းက ဘင်္ဂလီတွေကတော့ တခြားသူတွေကို စစ်ပွဲထဲဝင်ရောက်တိုက်ခိုက်ဖို့ အားမပေးခဲ့ဘူး လို့ အဲဒီကျောင်းသားက ပြောပါတယ်။
“ဒီမှတော့ ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တခြားတဖက်မှာရောက်နေတဲ့သူတွေဖြစ်တယ်။ အဲဒီနေရာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အချိန်မှာ အဲဒီစစ်မီးက ကျွန်တော်တို့ဆီမှာလည်း တောက်လောက်ပါ တယ်။ ကျွန်တော်တို့ကို ဘယ်လိုဆက်ဆံမှာလဲ၊ အခြေအကေ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ စိုးရိမ်ပူ ပန်နေရတယ်။ ဘင်္ဂလီလူငယ်တချို့ကတော့ နယ်စပ်ဖြတ်ပြီး စစ်ပွဲထဲ ဝင်ရောက်တိုက်ခိုက်ချင်နေကြတယ်။ သူ တို့စစ်တိုက်ချင်နေတာက မြန်မာ့တပ်မတော်ကို မုန်းတာကနေ မြစ်ဖျားခံလာတာပါ။ နားလည်တာပဲဖြစ်ဖြစ် နား မလည်တာပဲဖြစ်ဖြစ် အဲဒီလူငယ်တွေက တစ်စိတ်တစ်ဒေသ ပါဝင်ချင်နေကြပါတယ်။” လို့ ဘာလူခါလီဒုက္ခသည် စခန်းက ဘင်္ဂလီဒုက္ခသည် တစ်ဦးက ပြောပါတယ်။
ဒုက္ခသည်စခန်းအတွင်း အဝင်/အထွက်တွေအတွက် ပြဿနာရှိသလား ဒါမှမဟုတ် နောက်ထပ်လုံခြုံရေးတွေ ထပ်မံချထားတာမြင်ရသလားလို့ မေးမြန်းတဲ့အခါ ဘာလူခါလီစခန်းမှာ တင်းကျပ်မှုအများကြီးမရှိပေမဲ့ ကြိုတင် ကာကွယ်မှုတွေ ဆောင်ရွက်ထားကြောင်း ၎င်းက ပြောပါတယ်။
“ဘယ်သူမှ ဒီအကြောင်းတွေကို စမပြောချင်ပါဘူး။ အဲဒီနေရာဟာ ကျွန်တော်တို့ တိုင်းပြည်ပါ။ ရခိုင်ပြည်နယ် တွင်း နေထိုင်သူတွေနဲ့ လုံးဝ အဆက်အသွယ်မရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အိမ်ပြန်ချင်တဲ့အချိန်မှာ နှစ် ဖက်ဆက်သွယ်ရေးကိစ္စတွေဟာ အစိုးရအဆင့်ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် အခြေခံအကြောင်းရင်း တွေဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ စခန်းတွင်းမှာတော့ တချို့ကိစ္စတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတာတွေ ရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ရှာပူရီးဒွစ်နယ်မြေမှာတော့ ကြာသပတေးနေ့ကနေ စနေနေ့ည သန်းခေါင်ယံအထိ သေနတ်သံတွေ/ စိန် ပြောင်းသံတွေ ကြားနေရပါတယ်။ တနင်္ဂနွေနေ့မှာတော့ သေနတ်သံတွေ ကျဲသွားတယ်။ ဒါပေမဲ့ တနင်္လာနေ့မှာ တော့ သေနတ်သံတွေ ကြိုကြားကြိုကြား ပြန်ကြားရတယ်။ ဒါ့ကြောင့် နတ်မြစ်အတွင်း ငါးဖမ်းတာတွေ ရပ်ဆိုင်း ထားသလို လှေ/သင်္ဘောတွေနဲ့ ခရီးသွားလာတာတွေလည်း ရပ်တန့်ထားပါတယ်။” လို့ အမှတ် ၉ ရှာပူရီဒွစ် စခန်း အုပ်ချုပ်ရေးအဖွဲ့ဝင် အဗ္ဗဒူဆလမ်က ပြောပါတယ်။
“မောင်တောမြို့ဝန်းကျင်မှာ မြန်မာအစိုးရတပ်တွေနဲ့ AA အဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါ တယ်။ အဲဒီနေရာက ဒေသခံ ဘင်္ဂလီတွေဟာ အသက်လုထွက်ပြေးလာကြရပြီး နတ်မြစ်ကိုဖြတ်ကူးပြီး ခိုလှုံရာ ရှာဖွေနေကြပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံထဲက ဘင်္ဂလီတွေ နတ်မြစ်ကိုဖြတ်ပြီး နောက်ထပ် စိမ့်ဝင် လာမှာ စိုးရိမ်နေကြကြောင်း ၎င်းက ပြောပါတယ်။
Ref: Thousands stranded on Myanmar side of border as fighting intensifies
#PeopleMedia