• Follow Us on
Latest News

Home နယ်စပ်ဒေသစိမ့်ဝင်ထိုးဖောက်မှုကာကွယ်ဖို့ အဆင့်လိုက်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည် ငြိမ်မှု အမြန်ဆုံးပြန်ရစေချင်ကြောင်း မိုဒီပြော

နယ်စပ်ဒေသစိမ့်ဝင်ထိုးဖောက်မှုကာကွယ်ဖို့ အဆင့်လိုက်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည် ငြိမ်မှု အမြန်ဆုံးပြန်ရစေချင်ကြောင်း မိုဒီပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၉

 

မြန်မာနယ်စပ်ဒေသကနေ စိမ့်ဝင်ထိုးဖောက်လာမှုကို ကာကွယ်ဖို့နဲ့ နယ်စပ်လုံခြုံရေးအတွက် လိုအပ်တာတွေ ကို အိန္ဒိယအစိုးရက ဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးတွေကို စတင်တင်ဆောက်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက Assam Tribune နဲ့ အင်တာဗျူးစဉ် ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား လွတ်လပ်စွာသွားလာခွင့်အစီအစဉ်ကို ဖျက်သိမ်းခြင်း၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် နယ်ခြားစောင့်တပ်ဖွဲ့တွေကို အင်အားတိုးမြှင့်ချထားခြင်း၊ လုံခြုံရေးအဖွဲ့အစည်းတွေအချင်းချင်းကြားမှာ ပေါင်း စပ်ညှိနှိုင်းမှု တိုးမြှင့်ခြင်းနဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ခြင်း စတာတွေကို အဆင့်လိုက်ဆောင် ရွက်နေကြောင်း မိုဒီက ပြောပါတယ်။

 

အိန္ဒိယ-မြန်မာ နယ်စပ်ကို အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်လို ခြံစည်းရိုးခတ်သွားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန် ကြီး အမတ်ရှားက ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြောပါတယ်။ ဒါပေမဲ့ မီဇိုရမ်ပြည်နယ်အစိုးရကတော့ အိန္ဒိ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုး မခတ်စေချင်ကြောင်း ဖေ ဖော်ဝါရီလ ၂၈ ရက်နေ့က ပြောဆိုခဲ့သလို ပြည်နယ်လွှတ်တော်ကလည်း အဲဒီကိစ္စကို ကန့်ကွက်ထားတယ်လို့ ဆိုပါတယ်။

 

ပြည်နယ်တွင်း တရားမဝင်ရွှေ့ပြောင်းလာသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ခံရေးအတွက် ဆောင်ရွက်ထားဖို့ မီဇိုရမ်ပြည်နယ်အစိုးရကို အိန္ဒိယဗဟိုအစိုးရက တိုက်တွန်းထားကြောင်း မိုဒီက ပြောပါတယ်။

 

“ကိုယ်ရေးအချက်အလက်တွေကောက်ခံဖို့အတွက် လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေနဲ့ နည်းပညာအကူ အညီတွေကို ပြည်နယ်အစိုးရကို အိန္ဒိယအစိုးရက ထောက်ပံ့ပေးနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မြေပြင်က ပြောင်းလဲနေတဲ့ အရှိတရားတွေကို ထိန်းညှိနိုင်ဖို့အတွက် မူဝါဒအပြောင်းအလဲတွေကိုလည်း ဗဟိုအ စိုးရက ချမှတ်ဆောင်ရွက်နေကြောင်း ၎င်းက ပြောပါတယ်။

 

“မြန်မာပြည်သူတွေ ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာနိုုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု အမြန်ဆုံး ပြန်လည်ရရှိလာတာကို ကျွန်တော်တို့ မြင်ချင်ပါတယ်။” လို့ ဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။

 

Ref: Indian govt taken several steps to prevent infiltration, secure borders with Myanmar: PM Modi

 

#PeopleMedia


Share this post