• Follow Us on
Latest News

Home နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ကို တားဆီးဖို့အတွက် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် အိန္ဒိယအစိုးရက ခြံစည်းရိုးခတ်မည်

နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ကို တားဆီးဖို့အတွက် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် အိန္ဒိယအစိုးရက ခြံစည်းရိုးခတ်မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂

 

အိန္ဒိယအစိုးရအနေနဲ့ အိန္ဒိယနိုင်ငံထဲကို လွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာလို့မရအောင် ကန့်သတ်ဖို့အ တွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခြံစည်းရိုးခတ်သလို အိန္ဒိယ-မြန်မာနယ်စပ်မှာလည်း မကြာခင် ခြံစည်းရိုးခတ် သွားမှာဖြစ်ကြောင်း အိန္ဒိယပြည်ထောင်စုပြည်ထဲရေးဝန်ကြီး အာမတ်ရှားက စနေနေ့ (ဇန်နဝါရီလ ၂၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဒီကြေညာချက်ကြောင့် အိန္ဒိ-မြန်မာ နှစ်နိုင်ငံနယ်စပ်ကနေ ၁၆ ကီလိုမီတာအတွင်း နေထိုင်တဲ့ နှစ်နိုင်ငံပြည်သူ တွေအနေနဲ့ ဗီဇာမပါဘဲ နှစ်နိုင်ငံဝင်ထွက်သွားလာခွင့်ပြုထားတဲ့ Free Movement Regime – FMR ခေါ် လွတ် လပ်စွာရွှေ့ပြောင်းသွားလာခွင့်အစီအစဉ်ဟာ မကြာခင်အချိန်အတွင်းမှာ ရပ်ဆိုင်းသွားတော့မှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိန္ဒိယနယ်စပ်ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်မှာလိုပဲ မကြာခင် ပိတ်သွားတော့မှာ ဖြစ်ကြောင်း ဂူဝါဟတီမြို့က အာသံရဲတပ်ဖွဲ့ကွန်မန်ဒိုတွေရဲ့ စစ်ရေးပြအခမ်းအနားကို စစ်ဆေးပြီး မိန့်ခွန်းပြော ကြားစဉ် အာမတ်ရှားက ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

“အာရန်ဒရာမိုဒီအစိုးရဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ခဲ့သလိုပဲ အရင်တုန်းကဖွင့်ထားခဲ့ တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကိုလည်း ခြံစည်းရိုးခတ်သွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း အာသံမှာရှိတဲ့မိတ် ဆွေတွေကို ပြောကြားလိုပါတယ်။” လို့ ရှားက ပြောပါတယ်။

 

“အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ သဘောတူညီထားတဲ့ ဗီဇာမပါဘဲ နှစ်နိုင်ငံဝင်ထွက်သွားလာခွင့် FMR ကိုလည်း ပြန်လည်စဉ်းစားနေပြီး အိန္ဒိယနိုင်ငံထဲကို လွတ်လပ်စွာဝင်ထွက်သွားလာနေတာကို မကြာခင်ကာလအတွင်း မှာပဲ ပယ်ဖျက်လိုက်တော့မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အိန္ဒိယနိုင်ငံဟာ ၎င်းတို့နိုင်ငံရဲ့ မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်းနဲ့ အာရန်နာချဲလ်ပရာဒက်ရှ် ပြည်နယ်တွေနဲ့ မြန်မာ နိုင်ငံ နယ်စပ်တစ်လျှောက် ၁၆၄၃ ကီလိုမီတာ နယ်နိမိတ်ဆက်စပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။

 

အဲဒီပြည်နယ်အားလုံးဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒအရ ၂၀၁၈ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ တဲ့ ဗီဇာမပါဘဲ နှစ်နိုင်ငံဝင်ထွက်သွားလာခွင့် FMR ကို ကျင့်သုံးနေတဲ့ ပြည်နယ်တွေဖြစ်ပါတယ်။

 

မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီး နယ်စပ်တစ်လျှောက် မြန်မာဒုက္ခသည်တွေ အစုလိုက် အပြုံလိုက်ဝင်ရောက်လာတဲ့အတွက် အိန္ဒိယနိုင်ငံက စိုးရိမ်မှုတွေမြင့်တက်လာပြီးနောက် တစ်လအကြာမှာ အာမက်ရှားရဲ့ ပြောကြားချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

Ref: Centre to fence Myanmar border soon, restrict movement into India: Amit Shah

 

#PeopleMedia


Share this post