• Follow Us on
Latest News

Home နယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ တရုတ်သရုပ်ဆောင် ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိ

နယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ တရုတ်သရုပ်ဆောင် ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈

 

ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသား ရုပ်ရှင်သရုပ်ဆောင် ရှင်းရှင် ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ကို ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း ထိုင်းရဲချုပ်သက်ချိုင်းပီတာနီးလာဘု(တ်) က ဇန်နဝါရီ ၇ ရက်နေ့ (အင်္ဂါနေ့) က ပြောကြား လိုက်ပါတယ်။

 

အမည်ရင်း ဝန်ရှင်းလို့ခေါ်တဲ့ အဆိုပါတရုတ်သရုပ်ဆောင်ဟာ ထိုင်းနိုင်ငံကို ရုပ်ရှင်ရိုက်ကူးဖို့ ရောက်ရှိလာစဉ် ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်နဝါရီ ၃ ရက်နေ့) က တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

ရှင်းရှင် ပျောက်ဆုံးသွားကတည်းက ၎င်းရဲ့ချစ်သူ ဂျီယာဂျီယာ (Jiajia) ဆိုသူ အမျိုးသမီးက ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေထံ ဆက်သွယ်ခဲ့ပါတယ်။

 

“ရှင်းရှင် လူကုန်ကူးခံရတာလားဆိုတာကို ထိုင်း-မြန်မာ နယ်စပ်ကော်မတီက ဆန်းစစ်လေ့လာသွားမှာ ဖြစ်ပါတယ်။ တရုတ်သရုပ်ဆောင်အနေနဲ့ ရဲတပ်ဖွဲ့နဲ့အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်လိုခြင်းရှိမရှိ ရဲတပ်ဖွဲ့က သူ့ကို ထပ်မံမေး မြန်းသွားမှာဖြစ်ပါတယ်။” လို့ ရဲချုပ်သက်ချိုင်းက ပြောပါတယ်။

 

တရုတ်သရုပ်ဆောင်ကို ထိုင်းနိုင်ငံ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ GMM Grammy က ငှားရမ်းခဲ့တယ်ဆိုတဲ့ သတင်းကိုတော့ မဟုတ်မှန်ကြောင်း ရဲချုပ်သက်ချိုင်းက ငြင်းဆိုလိုက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ တရုတ်သရုပ် ဆောင်ကို ဘန်ကောက်ကို လိုက်မပို့ခင် မေးမြန်းသွားမယ်ဖြစ်ကြောင်း ပြောပါတယ်။

 

ရှင်းရှင်ဟာ တရုတ်နိုင်ငံရှန်ဟိုင်းကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို လေယာဉ်နဲ့ထွက်ခွာလာပြီး သုဝဏ္ဏဘူမိ လေဆိပ်ကို ဇန်နဝါရီ ၃ ရက် မနက် ၃ နာရီမှာ ဆိုက်ရောက်လာတာဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို က ပြောပါတယ်။

 

တရုတ်နိုင်ငံသား သရုပ်ဆောင်ဟာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်ရှိလာတာဖြစ်ပေမဲ့ ဘယ်နိုင်ငံက ဘယ်အဖွဲ့အ စည်းနဲ့ အလုပ်လုပ်ကိုင်မှာဖြစ်ကြောင်း ပြောဆိုခြင်းမရှိဘူးလို့ လူဝင်မှုကြီးကြပ်ရေးဗျူရိုက ပြောပါတယ်။

 

“လေဆိပ်ကိုရောက်တာနဲ့ ရှင်းရှင်ဟာ တာ့ပြည်နယ်၊ မဲဆောက်ခရိုင်မှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုကို သွားရောက်ဖို့ အငှားကားတစ်စီးကို ဘတ်ငွေ ၅၀၀၀ နဲ့ ငှားရမ်းခဲ့ပါတယ်။ အဲဒီနောက်တော့ ရှင်းရှင်ကို တိုင်းရင်းသားအုပ်စုတစ်စု မောင်းလာတဲ့ ထရပ်ကားတစ်စီးနဲ့ တင်ခေါ်သွားပြီး အဲဒီထရပ်ကားဟာ မြေလမ်းကတစ်ဆင့် မြန်မာနိုင်ငံထဲကို ဝင် ရောက်သွားခဲ့ပါတယ်။” လို့ လူဝင်မှုကြီးကြပ်ရေးဗျူရိုက ပြောပါတယ်။

 

ရှင်းရှင်ဟာ အဲဒီထရပ်ကားဒရိုင်ဘာကို ဘတ်ငွေ ၂၀၀၀ ပေးပြီး မြန်မာနိုင်ငံထဲကို လိုလိုလားလား လိုက်သွားခဲ့ တာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုက ပြောပါတယ်။

 

Ref: Missing Chinese actor arrives in Thailand, says police

 

#PeopleMedia


Share this post