• Follow Us on
Latest News

Home နယ်စပ်အရေး၊ မူးယစ်ဆေးဝါးအရေး၊ ကျားဖြန့်ဂိုဏ်းအရေး ဆွေးနွေးဖို့ ဝန်ကြီးချုပ်ပေထောင်တန် ထိုင်းကြည်းတပ်နဲ့ တွေ့ဆုံ

နယ်စပ်အရေး၊ မူးယစ်ဆေးဝါးအရေး၊ ကျားဖြန့်ဂိုဏ်းအရေး ဆွေးနွေးဖို့ ဝန်ကြီးချုပ်ပေထောင်တန် ထိုင်းကြည်းတပ်နဲ့ တွေ့ဆုံ

Share this post

နိုင်ငံတကာ၊ မတ် ၂၁

 

ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ဟာ နယ်စပ်အရေး၊ မူးယစ်ဆေးဝါးအရေးနဲ့ ကျားဖြန့်ဂိုဏ်း (အွန်လိုင်းငွေလိမ် ဂိုဏ်းနဲ့ တရားမဝင်လောင်းကစားဂိုဏ်းများ) အရေးတိုင်ပင်ဆွေးနွေးဖို့ မတ်လ ၂၁ ရက်နေ့ (သောကြာနေ့) က ဘန် ကောက်မြို့ ဖရာနခုန်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်မှာ တော်ဝင်ထိုင်းကြည်းတပ်နဲ့ သွားရောက်တွေ့ဆုံခဲ့ ပါတယ်။

 

ဖရူဟာခီရိခရိုင် ယာဉ်စစ်ဆေးရေးဂိတ်မှာ ဖမ်းမိထားတဲ့ မူးယစ်ဆေးဝါးတွေ သွားရောက်စစ်ဆေးဖို့အတွက် နခုန်ဆာဝန် မြို့ကို မသွားခင်မှာ ဝန်ကြီးချုပ်ဟာ ကြည်းတပ်နဲ့ ပထမဦးဆုံးအကြိမ်အဖြစ် သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

 

တော်ဝင်ထိုင်းကြည်းတပ်က ဒူးဆစ်ခရိုင်မှာရှိတဲ့ မီလင်စားသောက်ဆိုင်မှာ အမဲသားကြော်၊ ပဲစောင်းလျားသီးအစပ်သုပ်၊ ကင်းမွန်အစာသွပ်ဟင်းချို၊ ရေငန်ပုဇွန်ကြော်၊ ထိုင်းသမက်ကြက်ဥဟင်း (ကြက်ဥပြုတ်အခြမ်းလိုက်ကြော်ပြီး အစပ်ပြန် ချက်ထားတဲ့ဟင်း)၊ ငါးကွမ်းရှပ်ဟင်းတို့နဲ့ ဝန်ကြီးချုပ်ကို နေ့လယ်စာ တည်ခင်းဧည့်ခံခဲ့ပါတယ်။

 

မွန်းလွဲ ၂ နာရီမှာတော့ တော်ဝင်ထိုင်းကြည်းတပ်ဌာနချုပ်မှာ နယ်စပ်ဒေသ လုံခြုံရေးခြိမ်းခြောက်မှုများ ကာကွယ်ရေးနဲ့ နှိမ်နှင်းတိုက်ခိုက်ရေးဆိုင်ရာ ဦးဆောင်ကော်မတီရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီးဖမ်သမ်ဝီချာ ယာချိုင်းကဦးစီးပြီး ကျင်းပခဲ့ပါတယ်။

 

ဦးဆောင်ကော်မတီဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုကို နှိမ်နှင်းရေး၊ ကူး သန်းသွားလာနေတဲ့ လမ်းကြောင်းတွေ ရှင်းလင်းရေးတို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မူူူးယစ် ဆေးဝါး ထုတ်လုပ်/ဖြန့်ဖြူးရေးကို ရှင်းလင်းသွားနိုင်ရေး အဓိက ဦးတည်ဆွေးနွေးခဲ့ပါတယ်။

 

ဒါ့အပြင် ကျားဖြန့်ဂိုဏ်းတွေ ထွက်ပေါ်မလာအောင် ကာကွယ်တားဆီးဖို့နဲ့ နယ်စပ်လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ဘေးကင်း လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေအရေး ကိုင်တွယ်ဖြေရှင်းရာမှာ အရှိန်မြှင့်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Paetongtarn meets Army to tackle border issues, drugs, scams

 

#PeopleMedia


Share this post