နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုအမြန်ဆုံးရရှိရေးကိုလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း လားရှိုးတွင်ရောက် နေသည့် ယာယီနေရပ်စွန့်ခွာသူများအား နစကဥက္ကဋ္ဌပြောကြား
PUBLISHED - December 11, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း လားရှိုးမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ရှမ်းပြည်နယ်ဝန် ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအား ပေးစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိကြပြီး မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မန်ဆူရှမ်းကျောင်း တိုက်ဆရာတော်ကြီးထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူရုပ်ပွားတော်မြတ်များ၊ လှူဖွယ်ပစ္စည်း များ၊ လားရှိုးမြို့တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ် အထည် ၆၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကိုလှူဒါန်းခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းတို့၏ နေရပ်များတွင် အမြန်ဆုံးပြန်လည်နေထိုင်နိုင် ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသများသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အတူ တကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အစိုးရနှင့် တပ်မတော်မှ လိုအပ်သည်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင်လိုအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ကိုဖြည့်ဆည်းပေးသွားမည် ဖြစ်ပြီး ထပ်မံ၍လည်း ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အားပေးစကားပြောကြားခဲ့သည်။
လက်ရှိအချိန် အထိ အိမ်ထောင်စု ၁၄၂၈ စုမှ လူဦးရေ ၄၉၂၂ ဦးခန့် ရောက်ရှိတည်းခိုနေထိုင်ရလျက်ရှိကြောင်း သိရှိရပြီး ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များအဆင်ပြေစေရန် အစိုးရ၊ တပ်မတော်တို့မှ ဦးဆောင်၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏ နေ ရပ်များတွင် အေးချမ်းစွာဖြင့် အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး နယ်မြေဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နေ့ညမပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia