နယ်သာလန်နဲ့ ဒိန်းမတ် ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေထောက်ပံ့မည်

PUBLISHED - August 21, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၁
နယ်သာလန်နိုင်ငံနဲ့ ဒိန်းမတ်နိုင်ငံတို့ဟာ ယူကရိန်းအတွက် F-16 ဂျက်တိုက်လေယာဉ်တွေကိုထောက်ပံ့ပေး သွားမှာဖြစ်ပြီး အဲဒီအစီအစဉ်ကို သမိုင်းဝင်ဖြစ်ရပ်အဖြစ် ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ထောက်ခံ ကြိုဆိုလိုက်ပါတယ်။
ရုရှားရဲ့လေကြောင်းအင်အားသာလွန်မှုကြောင့် ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဟာ ခရီးမပေါက်တဲ့အတွက် ယူက ရိန်းနိုင်ငံကို F-16 ဂျက်တိုက်လေယာဉ်တွေကိုထောက်ပံ့ပေးဖို့ အနောက်နိုင်ငံတွေကို ယူကရိန်းအစိုးရက အ ရေးတကြီးတောင်းဆိုခဲ့တာဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံအနေနဲ့ အခြေအနေပေးတာနဲ့ချက်ချင်းဆိုသလို F-16 ဂျက်တိုက်လေယာဉ်တွေကို ယူကရိန်း နိုင်ငံကို ပေးပို့သွားမှာဖြစ်ကြောင်း အိုင်းဒ်ဟိုဗန်လေဆိပ်မှာ ဇီလန်စကီးနဲ့အတူ ပူးတွဲကျင်းပတဲ့သတင်းစာရှင်း လင်းပွဲမှာ ဒတ်ချ်ဝန်ကြီးချုပ် မတ်ခ်ရပ်တပ်က ပြောပါတယ်။
ဇီလန်စကီးက အဲဒီသဘောတူညီချက်ကို သမိုင်းဝင်သဘောတူညီချက်အဖြစ် ချီးကျူးလိုက်ပြီး “နယ်သာလန်နိုင် ငံဟာ လေ့ကျင့်သင်ကြားမှုတွေပြီးဆုံးတာနဲ့ ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေ ပထမဦးဆုံးပေးပို့မယ့် နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်အလွန်ပဲ ကျေးဇူးတင်ပါတယ်ဗျာ။” လို့ ပြောပါတယ်။
F-16 ဂျက်တိုက်လေယာဉ်တွေပို့ပေးမယ်ဆိုပေမဲ့ ယူကရိန်းက အဲဒီဂျက်တိုက်လေယာဉ်တွေကို အသုံးပြုနိုင်စွမ်း မရှိမချင်း လေယာဉ်ပို့ပေးဖို့ကိစ္စက လပေါင်းများစွာကြာမြင့်ဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒိန်းမတ်နိုင်ငံကလည်း ၎င်းတို့အနေနဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းကိုပို့ပေးမှာဖြစ်တယ်ဆိုတာ သြ ဂုတ်လ ၂၀ ရက်နေ့က ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အတည်ပြုပြောကြားခဲ့ ပါတယ်။
F-16 ဂျက်တိုက်လေယာဉ်တွေ လွှဲပြောင်းပေးပို့မယ့် စည်းကမ်းချက်တွေထဲမှာ ယူကရိန်းလေသူရဲတွေကို လေ့ ကျင့်သင်ကြားရေး၊ အခြေခံအဆောက်အဦတွေနဲ့ လော်ဂျစ်စတစ်တွေတည်ဆောက်ထားရေးနဲ့ လိုအပ်တဲ့ခွင့်ပြု ချက်တွေတောင်းခံထားရေးတို့ ပါဝင်တယ်လို့ဆိုပါတယ်။
“လက်ရှိအချိန်မှာ နယ်သာလန်မှာ F-16 ဂျက်တိုက်လေယာဉ် ၄၂ စင်းရှိနေဆဲဖြစ်ပါတယ်။ အဲဒီ ၄၂ စင်းအပြင် ဒိန်းမတ်မှာ နောက်ပိုင်း ရိုမေးနီးယားမှာ သင်တန်းပေးတဲ့အခါ ထောက်ပံ့ကူညီဖို့ ကျွန်တော်တို့ လေယာဉ်တွေ လိုအပ်ပါတယ်။ ရှိတဲ့လေယာဉ်အားလုံးထောက်ပံ့နိုင်မလားဆိုတာ ကျွန်တော်တို့ စဉ်းစားချင့်ချိန်နေပါတယ်။” လို့ နယ်သာလန်ဝန်ကြီးချုပ် မတ်ခ်ရပ်တပ်က ပြောပါတယ်။
ဇီလန်စကီးဟာ နယ်သာလန်ကိုသွားရောက်ပြီးနောက် ဒိန်းမတ်နိုင်ငံကိုပါသွားရောက်လည်ပတ်ခဲ့ပါတယ်။ “ကျွန်မတို့ ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေထောက်ပံ့သွားမယ်ဆိုတာ ဒီကနေ့ကြေညာလိုက်ပါ တယ်။ ကျွန်မတို့ထောက်ပံ့မယ့် ဂျက်တိုက်လေယာဉ်တွေဟာ ယူကရိန်းကောင်းကင်ယံကို ကာကွယ်ရာမှာ အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တာဖက်ဒရစ်ဆန်ကပြောပါ တယ်။
Ref: Zelensky hails ‘historic’ supply of F-16s as Ukraine seeks to counter Russian air supremacy
#PeopleMedia