
PUBLISHED - December 16, 2020


ရန်ကုန်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
Photo – Credit
#PeopleMedia #နဝတ
(unicode)
နဝတအစိုးရအဖွဲ့၌ အတွင်းရေးမှူး (၂) တာဝန်ယူခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ ဇနီး ဒေါ်ခင်သန်းနွဲ့ ယနေ့နံနက်ပိုင်း၌ ကွယ်လွန်
……………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်၌ အတွင်းရေးမှူး (၂) တာဝန်ယူခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ဇနီး ဒေါ်ခင်သန်းနွဲ့ ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း တပ်မတော် အသိုင်းအဝိုင်းက အတည်ပြုသည်။
ဆရာမကြီး ဒေါ်ခင်သန်းနွဲ့ ရုပ်ကလပ်ကို ဒီဇင်ဘာလ ၁၆ ရက် ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် တပ်မ တော်ဆေးရုံကြီး မင်္ဂလာဒုံမှ တပ်မတော်စစ်သချိုင်းသို့ မွန်းလွဲ ၃ နာရီခန့်တွင် မီးသင်္ဂြ ိုလ်မည်ဖြစ်သည်။
ဗိုလ်ချုပ်ကြီးတင်ဦး၏ဇနီး ဒေါ်ခင်သန်းနွဲ့သည် အထက ၁ ဒဂုံ မိဘဆရာအသင်း နာယကတစ်ဦးဖြစ်သည်။
အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးသည် ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ရာသီဥတု ဆိုးဝါးမှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့သို့အသွား သံလွင်မြစ် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်းကြောင့် ကွယ်လွန် ခဲ့ခြင်းဖြစ်သည်။
Photo – Credit
#PeopleMedia #နဝတ