• Follow Us on

Home နာဂါနို-ကရာဘက်ဒေသကို အဇာဘိုင်ဂျန်တပ်တွေ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်

နာဂါနို-ကရာဘက်ဒေသကို အဇာဘိုင်ဂျန်တပ်တွေ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

 

အဇာဘိုင်ဂျန်တပ်တွေဟာ အင်္ဂါနေ့ (စက်တင်ဘာလ ၁၉ ရက်နေ့) က နာဂါနို-ကရာဘက်ဒေသကို ထိုးစစ်တစ် ခုဆင်နွှဲလိုက်ပြီး ငြိမ်းချမ်းရေးစာချုပ်အတွက် ကြိုတင်တောင်းဆိုချက်တစ်ရပ်အဖြစ် အဲဒီအငြင်းပွားဒေသမှာရှိ နေတဲ့ အာမေးနီးယန်းတပ်ဖွဲ့တွေ ဆုတ်ခွာပေးဖို့ တောင်းဆိုလိုက်ပါတယ်။

 

အဇာဘိုင်ဂျန်ဘက်က တပ်တွေစုဖွဲ့နေတယ်လို့ အာမေးနီးယားဘက်က စွပ်စွဲထားသလို နာဂါနို-ကရာဘက် ဒေ သသွားတဲ့လမ်းကို အဇာဘိုင်ဂျန်ဘက်က ပိတ်ထားတာကို ပြစ်တင်ရှုတ်ချလိုက်ပြီးနောက် လတ်တလောကာလ တွေမှာ စစ်ပွဲအသစ်တစ်ခုထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်မှုတွေ တိုးပွားလာနေစဉ်မှာပဲ အဇာဘိုင်ဂျန်ဘက်က အခုလို ထိုးစစ်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

 

ခွဲထွက် နာဂါနို-ကရာဘက်ဒေသရဲ့ မြို့ဖြစ်တဲ့ စတက်ဖာနကက်မှာရောက်နေတဲ့ AFP သတင်းထောက်တစ်ဦး ကတော့ မြို့ထဲကနေ ပေါက်ကွဲသံတွေကြားနေရတယ်လို့ ပြောပါတယ်။

 

နောက်ထပ် AFP သတင်းထောက်တစ်ဦးကလည်း အမြောက်ပစ်ခတ်သံတွေ၊ အချက်ပေးဥသြသံတွေကြားရ သလို ဒရုန်းတစ်စင်းပျံသွားတဲ့အသံကိုလည်း ကြားလိုက်ရတယ်လို့ ဆိုပါတယ်။

 

နယ်စပ်ဒေသမှာရော အတွင်းပိုင်းကိုရော တိကျတဲ့လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း အဇာဘိုင်ဂျန်ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အရပ်သားတွေထွက်ခွာသွားနိုင်အောင် “လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းတွေနဲ့ ဂိတ်စခန်းတွေ” ကို ဖွင့်လှစ်ပေးထားကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အာမေးနီးယန်းခွဲထွက်ရေးမားတွေကတော့ “အဇာဘိုင်ဂျန်ဘက်က တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေ ဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ အဇာဘိုင်ဂျန်တပ်တွေဟာ ကရာဘက်ဒေသကို ချီတက်လာဖို့ ကြိုးစားနေ ကြောင်း” ပြောပါတယ်။

 

ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံဟောင်းဖြစ်တဲ့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့ဟာ ကရာဘက်ဒေ သ ပိုင်ဆိုင်ရေးအငြင်းပွားမှုကိုအကြောင်းပြုပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက တိုက်ခိုက်လာကြတာဖြစ် တဲ့အပြင် ၂၀၂၀ ပြည့်နှစ်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

 

အဇာဘိုင်ဂျန်တပ်တွေဟာ ကရာဘက်အာမေးနီးယန်းတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့အတွက် မြေပြင်ထိုးစစ်တစ် ခုကို စတင်ဆောင်ရွက်လာကြောင်း အာမေးနီးယန်းသမ္မတ နစ်ကိုးလ်ပက်ရှင်ယန်က ပြောပါတယ်။

 

အာမေးနီးယန်းစစ်တပ်က အခုဖြစ်နေတဲ့တိုက်ပွဲထဲမှာ ပါဝင်တိုက်ခိုက်ခြင်းမရှိသေးကြောင်း၊ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံကြားနယ်စပ်က အခြေအနေဟာ တည်ငြိမ်နေကြောင်း ပက်ရှင်ယန်က ပြောပါတယ်။

 

ရုပ်သံကထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ ရုရှားနဲ့ ကုလသမဂ္ဂကို ကြားဝင်ဆောင်ရွက်ပေးဖို့ ပက်ရှင်ယန်က တောင်းဆိုထားပါတယ်။

 

အာမေးနီးယန်းမြို့တော် ယီရပ်ဗန်ရဲ့ အစိုးရအဆောက်အအုံတစ်ခုအပြင်ဘက်မှာတော့ အာမေးနီးယန်းပြည်သူ ရာနဲ့ချီစုရုံးပြီး အဇာဘိုင်ဂျန်ရဲ့စစ်ဆင်ရေးကို တုံ့ပြန်ဖို့အတွက် အစိုးရကိုတိုက်တွန်းဆန္ဒပြဖို့ တောင်းဆိုနေကြတဲ့ ပုံကို ရုပ်သံသတင်းတွေမှာ မြင်နေရပါတယ်။

 

“အာမေးနီးယားနိုင်ငံတော် ဒုက္ခရောက်အောင်လုပ်မယ့် ပြည်သူတချို့နဲ့ တပ်ဖွဲ့ဝင်တချို့ကို ကျွန်တော်တို့ ခွင့်ပြု လို့မရပါဘူး။ အာမေးနီးယားနိုင်ငံထဲမှာ အာဏာသိမ်းဖို့ဆိုပြီး နေရာပေါင်းစုံကနေ တောင်းဆိုနေတာတွေရှိပါ တယ်။” လို့ ပက်ရှင်ယန်က ပြောပါတယ်။

 

အဇာဘိုင်ဂျန်ဘက်က ကရာဘက်ဒေသကို အခုလိုကျူးကျော်တိုက်ခိုက်တာကို အာမေးနီးယန်းနိုင်ငံခြားရေးဝန် ကြီးဌာနက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

 

“လူမျိုးတုံးသတ်ဖြတ်ရေးဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့အတွက် စက်တင်ဘာလ ၁၉ ရက်နေ့မှာ အဇာ ဘိုင်ဂျန်တပ်တွေဟာ နာဂါနို-ကရာဘက်ဒေသကို နောက်ထပ်ထိုးစစ်ကြီးတစ်ခု ဆင်နွှဲလာပြီဖြစ်ပါတယ်။” လို့ အာမေးနီးယန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ဒေသတွင်းမှာ တပ်ဖြန့်ချထားတဲ့ ရုရှားငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေဟာ အဇာဘိုင်ဂျန်ရဲ့ထိုးစစ်ကို ဟန့်တားသင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

Ref: Azerbaijan Launches Military Operation against Karabakh

 

#PeopleMedia


Share this post