• Follow Us on
Latest News

Home နာဂါနို-ကရာဘက်ဒေသက ခွဲထွက်အာမေးနီးယားတွေ အဇာဘိုင်ဂျန်ထံ လက်နက်ချ

နာဂါနို-ကရာဘက်ဒေသက ခွဲထွက်အာမေးနီးယားတွေ အဇာဘိုင်ဂျန်ထံ လက်နက်ချ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

 

အာမေးနီးယန်းခွဲထွက်ရေးဝါဒီတွေဟာ ရုရှားနိုင်ငံရဲ့ကြားဝင်စေ့စပ်မှုအရ အဇာဘိုင်ဂျန်ထံကို လက်နက်ချလိုက် ပြီးနောက် သိမ်းဆည်းရမိတဲ့လက်နက်တွေကို အဇာဘိုင်ဂျန်တပ်တွေက စနေနေ့ (စက်တင်ဘာလ ၂၃ ရက် နေ့) က ထုတ်ဖော်ပြသခဲ့ပါတယ်။

 

စနိုက်ပါရိုင်ဖယ်တွေ၊ ကလက်ရှ်နီကော့ရိုင်ဖယ်တွေ၊ အာရ်ပီဂျီတွေနဲ့ ကြက်ခြေခတ်တံဆိပ်တွေ ဆေးသုတ်ထား တဲ့ တင့်ကားလေးစီးကို ခင်းကျင်းပြသထားပြီး အဲဒီလက်နက်တွေအားလုံး ခွဲထွက်ရေးဝါဒီတွေထံက သိမ်းဆည်း ရရှိထားတာဖြစ်ကြောင်း အဇာဘိုင်ဂျန်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

 

“ဒီလိုလက်နက်မျိုးတွေ တောထဲမှာ အများကြီးကျန်ခဲ့ပါသေးတယ်။ အားလုံး ဒီနေရာကို ကျွန်တော်တို့သယ်မ လာနိုင်ပါဘူး။” အဇာဘိုင်ဂျန်ကြည်းတပ် အမှတ် ၂ တပ်မရဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး မေးစ်ဘာကူးဒါး ရက်ဗ်က ပြောပါတယ်။

 

လက်နက်ဖြုတ်သိမ်းရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ရာမှာ အဇာဘိုင်ဂျန်တပ်တွေအနေနဲ့ ရုရှားငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ အနီးကပ်လက်တွဲဆောင်ရွက်နေကြောင်း အဇာဘိုင်ဂျန်စစ်တပ်က ဗိုလ်မှူးကြီး အေနာအီးဗဇပ်က ပြောပါတယ်။

 

အဇာဘိုင်ဂျန်တပ်ဖွဲ့တွေဟာ လက်ရှိအချိန်မှာ ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားလိုက်ပြီး ရှရှာမြို့မှာလည်း လူ သူကင်းမဲ့နေတယ်လို့ဆိုပါတယ်။

 

အဇာဘိုင်ဂျန်တပ်တွေဟာ စတက်ဖာနိကက်မြို့ကို လက်လှမ်းမီတဲ့နေရာက တောင်ကုန်းတွေပေါ်မှာ စိန်ပြောင်း တွေဆင်ထားပြီး နေရာယူထားကြတယ်လို့ AFP သတင်းထောက်တွေက ပြောပါတယ်။

 

အဲဒီအဇာဘိုင်ဂျန်တပ်တွေဟာ အာမေးနီးယားကိုသွားရာလမ်းနဲ့ ဆက်သွယ်ထားတဲ့ အနောက်မြောက်ဘက်က လူချင်းစင်္ကြန်လမ်းကိုလည်း ထိန်းချုပ်ထားပါတယ်။

 

အဇာဘိုင်ဂျန်တပ်တွေဟာ ပြီးခဲ့တဲ့ ၉ လ လုံးလုံး အဲဒီဒေသကလမ်းကြောင်းကို ပိတ်ထားတာဖြစ်ပါတယ်။

 

ဒါပေမဲ့ နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC က လူသားချင်းစာနာမှုယာဉ်တန်းတစ်ခုကတော့ အခုသီတင်း ပတ်အစောပိုင်း တိုက်ပွဲတွေဖြစ်ပွားနေကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် စနေနေ့က ဒေသတွင်းကို ဝင် ရောက်လာနိုင်ခဲ့ပါတယ်။

 

စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှုအကူအညီတွေ မက်ထရစ်တန် ၇၀ လူချင်းစင်္ကြန်လမ်းကို ဖြတ်သန်းဝင် ရောက်လာနိုင်ခဲ့ကြောင်း ဒေသတွင်း ICRC ပြောခွင့်ရပုဂ္ဂိုလ် ဇာရာအေမာတူနီက ပြောပါတယ်။

 

အာမေးနီးယန်းဝန်ကြီးချုပ်နစ်ကိုးလ်ပက်ရှင်ယန်ကိုထောက်ခံကြောင်း ပြသဖို့နဲ့ ဒေသတွင်းပိတ်ဆို့မှုတွေကို စစ် ဆေးဖို့ အမေရိကန်ကွန်ဂရက် လွှတ်တော်ကိုယ်စားပြုအဖွဲ့တစ်ဖွဲ့ အာမေးနီးယားကို ရောက်ရှိလာပါတယ်။

 

အဇာဘိုင်ဂျန်အနေနဲ့ အဇာဘိုင်ဂျန်နိုင်ငံ ကရာဘက်ဒေသက အာမေးနီးယန်းဒေသခံတွေကို အခွင့်အရေးတူညီ စွာရရှိတဲ့နိုင်ငံသားတွေအဖြစ် သတ်မှတ်ပေါင်းစည်းပေးဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံခြား ရေးဝန်ကြီး ဂျေဟွန်ဘေယာနော့ဗ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောပါတယ်။

 

အဇာဘိုင်ဂျန်တွေက အာမေးနီးယားတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာ စောင့်ကြည့်နိုင်ရေးအတွက် ကုလ သမဂ္ဂအဖွဲ့တစ်ဖွဲ့ကို အဲဒီဒေသကိုစေလွှတ်ပေးဖို့ နယူးယောက်က အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ အာမေးနီးယန်းနိုင်ငံခြားရေးဝန်ကြီး အေရာရတ်မာဇိုယန်က ပြောပါတယ်။

 

Ref: Azerbaijan Seizes Arms from Nagorno-Karabakh Rebels

 

#peopleMedia


Share this post