နာဂါနို-ကရာဘက် ဒေသအတွက် အရေးပေါ်အစည်းအဝေးကျင်းပဖို့ ကုလသမဂ္ဂကို အားမေးနီးယား တောင်း ဆို
PUBLISHED - August 14, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၄
အငြင်းပွားဒေသအတွက် ထောက်ပံ့ရေးရိက္ခာတွေပို့ဆောင်တဲ့လမ်းကြောင်းကို အဇာဘိုင်ဂျန်ဘက်က ပိတ် လိုက်တဲ့အတွက် လူသားချင်းစာနာမှုအခြေအနေတွေ ပျက်စီးယိုယွင်းလာကြောင်း ပြောဆိုရင်း နာဂါနို-ကရာ ဘက်အဒေသအတွက် အရေးပေါ်အစည်းအဝေးကျင်းပဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အာမေးနီးယား အစိုးရက စနေနေ့ (သြဂုတ်လ ၁၂ ရက်နေ့က) တောင်းဆိုလိုက်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်များကတည်းက အဇာဘိုင်ဂျန်ရဲ့နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံတကာက အသိအ မှတ်ပြုထားတဲ့ နယ်မြေတစ်ခုပိုင်ဆိုင်မှုအပေါ် ကော့ကေးဆပ်ဒေသအိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံ အငြင်းပွားလျက်ရှိ ပြီး အဲဒီနယ်မြေအငြင်းပွားမှုကြောင့် စစ်ပွဲနှစ်ပွဲ ဆင်နွှဲခဲ့ပြီးဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာဖြစ်ပွားခဲ့တဲ့ ဒုတိယအကြိမ်မြောက်စစ်ပွဲမှာ အာမေးနီးယန်းဘက်က အထိနာခဲ့ပြီး နယ်မြေအ စိတ်အပိုင်းတချို့ကို အဇာဘိုင်ဂျန်ဘက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
“ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးတည်ငြိမ်ဖို့အတွက် အဓိကအစိတ်အပိုင်းတစ်ရပ်အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင် စီက ဝင်ရောက်ဆောင်ရွက်ပေးဖို့ အာမေးနီးယန်းအစိုးရက တောင်းဆိုပါတယ်။” လို့ လုံခြုံရေးကောင်စီကိုပေးပို့ တဲ့စာထဲမှာ ကုလသမဂ္ဂဆိုင်ရာ အာမေးနီးယန်းအမြဲတန်းကိုယ်စားလှယ် အမ်ဟာမာဂါယန်က ရေးသားထားပါ တယ်။
နာဂါနို-ကရာဘက်ဒေသရှိ အာမေးနီးယန်းလူမျိုးအများစုနေထိုင်တဲ့ဒေသကို ဆက်သွယ်ထားတဲ့ တောင်ထူထပ် တဲ့လမ်းကြောင်းဖြစ်တဲ့ လူချင်လမ်းကြောင်းကို အဇာဘိုင်ဂျန်ဘက်က ပိတ်ဆို့ထားကြောင်း အာမေးနီးယန်းအစိုး ရက လပေါင်းများစွာကြာအောင် စွပ်စွဲပြောဆိုခဲ့ပါတယ်။
အဇာဘိုင်ဂျန်နယ်မြေထဲမှာရှိတဲ့ အဲဒီအာမေးနီးယန်းလူမျိုးအများဆုံးနေတဲ့ဒေသမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီတွေ ဆိုးဆိုးရွားရွား ပြတ်လပ်နေတဲ့အပြင် လျှပ်စစ်ဓာတ်အားနဲ့ သဘာဝဓာတ်ငွေ့တွေကိုလည်း ဖြတ်တောက်ထားကြောင်း မာဂါယန်ရဲ့စာထဲမှာ ဖော်ပြထားပါတယ်။
“အဲဒီလိုအခြေအနေတွေကြောင့် ရောဂါပေါင်းစုံဖြစ်ပွားလျက်ရှိပြီး အရပ်သားတွေသေဆုံးမှုနှုန်းမြင့်တက်လျက် ရှိပါတယ်။” မာဂါယန်က ပြောပါတယ်။
“နာဂါနို-ကရာဘက်ဒေသမှာရှိတဲ့ ပြည်သူတွေဟာ လက်ရှိအချိန်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဆိုးကြီးဒဏ်ကို ခံနေရပါတယ်။ ဒီလိုဖြစ်လာအောင် အဇာဘိုင်ဂျန်ဘက်က လုပ်ဆောင်နေတာဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
တပြိုင်တည်းမှာပဲ အာမေးနီးယန်းအစိုးရနဲ့ နိုင်ငံတကာကူညီစောင့်ရှောက်ရေးအဖွဲ့တွေက နာဂါနို-ကရာဘက် ဒေသမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စွမ်းအင်ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အခြေအနေတွေ ဆိုးရွားနေ ကြောင်း သတိပေးထားပါတယ်။
ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးပေမဲ့လည်း အားမေးနီးယားနဲ့ အဇာဘိုင်ဂျန်နှစ်နိုင်ငံတို့ဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရအောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးပါဘူး။
Ref: Armenia Calls for UN Help on Nagorno-Karabakh
#PeopleMedia