နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်(ငြိမ်း)မြတ်ကျော်ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် န-စ-က ခန့်အပ်

PUBLISHED - August 2, 2021
စစ်ကိုင်း၊ ဩဂုတ် – ၂ (People Media)
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် န-စ-က မှ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်(ငြိမ်း)မြတ်ကျော်ကို ဩဂုတ်လ (၁) ရက်နေ့က ခန့်အပ်ခဲ့ပါတယ်။
ဦးမြတ်ကျော်သည် တပ်မတော်၌ ဗိုလ်ချုပ်တာဝန်အထိ ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သလို နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးသည် PDF များ လှုပ်ရှားမှုပြုသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သလို တပ်မတော်ထောက်ခံ သူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို PDF များက မကြာခဏ လုပ်ကြံ လေ့ရှိသည့် တိုင်းဒေသကြီးလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် ဦးမြတ်ကျော်သည် ကန့်ဘလူမြို့ဇာတိဖြစ်တယ်လို့ ၎င်းနှင့် နီးစပ်သူများက People Media ကို ပြောပါတယ်။
#PeopleMedia #စစ်ကိုင်းတိုင်း #Political #ဦးမြတ်ကျော်
(unicode)
………………………………………………………