နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပထမနှစ်တန်းရောက်မည့် ရေးဖြေအောင်မြင်သူများကို ဆေး စစ်မှုပြုလုပ်

PUBLISHED - November 23, 2021
ရန်ကုန်၊ နိုဝင်ဘာ ၂၃ (People Media)
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ၁၃၈၃/၈၄ (၂၀၂၀-၂၀၂၁) ပညာသင်နှစ်အတွက် တက္က သိုလ်ဝင်ခွင့်စာမေးပွဲ၊ ရေးဖြေအောင်မြင်သူ မဟာဓမ္မာစရိယ MA တန်းဝင်ခွင့် (၃) ပါးနှင့် ဓမ္မာစရိယ BA တန်း ဝင်ခွင့် (၉၀) ပါးကို ယနေ့ နံနက် မနက် (၈) နာရီမှ စတင်၍ ဇီဝကဆေးခန်းတွင် ဆေးစစ်မှုများ ပြုလုပ်ပေး ခဲ့ကြောင်း နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ သိရသည်။
သာသနာ့တက္ကသိုလ်မဟာဓမ္မာစရိယတန်း (ပထမနှစ်)သို့ တက်ရောက်ရန် ဝင်ခွင့်လျှောက်ထားဖြေဆိုကြသူ (၉) ပါး ဖြေဆိုခဲ့ရာ (၃) ပါးမှာ ရေးဖြေစားမေးပွဲ အောင်မြင်ခဲ့သလို သာသနတက္ကသီလဓမ္မာစရိယတန်း (ပထမနှစ်) သို့ တက်ရောက်ရန် ဝင်ခွင့်လျှောက်ထား ဖြေဆိုကြသူ (၁၆၆) ပါး ဖြေဆိုခဲ့ရာ (၉၀)ပါး ရေးဖြေ စာမေးပွဲ အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေးဖြေစာမေးပွဲ အောင်မြင်ခဲ့သည့် သံဃာတော်များအား ဆရာကြီး ဒေါက်တာဦးတင်အေး ဦးဆောင်၍ သုခကမ္ဘာ ဆရာသိန်းအောင်နှင့်အဖွဲ့၊ Better Future အဖွဲ့၊ ဒေါက်တာရူပါကြည်တင် စသည့် စေတနာရှင် ဆရာဝန်များက ကျန်းမာရေးဆေးစစ်ခြင်းကိစ္စများကို ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဆေးစစ်မှုခံယူပြီးသော ကျောင်းသားသံဃာများကို နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် လူ တွေ့ နှုတ်မေးခွန်းများ ဖြေဆိုရမည်ဖြစ်ပြီး၊ မိမိတို့ ခုံအမှတ်နှင့် သာသနာဝင်မှတ်တမ်းများ ယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။
#PeopleMedia #သာသနာရေး #နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ရန်ကုန်
(unicode)
………………………………………………………..