နိုင္ငံေတာ္သမၼတ အထူးရန္ပုံေငြျဖင့္ ထူေထာင္ထားသည့္ SMMT အဖြဲ႕သည္ ဇမၺဴသီရိၿမိဳ႕နယ္ တစ္သီး အမတ္ေလာင္း ေဒါက္တာေအာင္မ်ိဳး၏ FB ကို Post တင္ခြင့္ပိတ္ပင္

PUBLISHED - September 22, 2020
ရန္ကုန္၊စက္တင္ဘာ-၂၁
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ဇမၺဴသီရိၿမိဳ႕နယ္ တစ္သီးအမတ္ေလာင္း ေဒါက္တာေအာင္မ်ိဳး၏ FB ကို နိုင္ငံေတာ္သမၼတ အထူးရန္ပုံေငြျဖင့္ ထူေထာင္ထားသည့္ SMMT အဖြဲ႕က Post တင္ခြင့္ ပိတ္ထားတယ္လို႔ ေဒါက္တာေအာင္မ်ိဳးက ေျပာပါတယ္။
“ယေန႔နံနက္က စၿပီးပိတ္လိုက္တာ။ဒီကေတာ့ Post တင္တာေတြ အျပင္လူေတြ မျမင္ရဘူး။အျခားသူကို ပို႔လိုက္ရင္ အျခားသူမွာက ဖိုင္အပ်က္လိုျဖစ္ေနတယ္။ဒါက အစိုးရရဲ့ ထိန္းခ်ဳပ္မႈပါလို႔”ေဒါက္တာေအာင္မ်ိဳးက ေျပာပါတယ္။
COVID-19 ကာလ၌ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား လူထုႏွင့္ ထိေတြ႕ခြင့္မရမႈေၾကာင့္ ၎တို႔၏ လူမႈကြန္ယက္မွတစ္ဆင့္ မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ထိေတြ႕လ်က္ပါတယ္။ယခုလို SMMT ၏ေဆာက္ရြက္ခ်က္သည္မၽွတမႈမရွိသည့္လုပ္ရပ္ကို ေဆာင္ရြက္ျခင္းျဖစ္တယ္လို႔ ေဒါက္တာေအာင္မ်ိဳးက ေျပာပါတယ္။
အလားတူ ၿပီးခဲ့သည့္ ရက္ပိုင္း၌ ျပည္သူ႔ပါတီလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ FB အေကာင့္မ်ားႏွင့္ Page မ်ားကို SMMT အဖြဲ႕က ထိန္းခ်ဳပ္မႈျပဳ႕လုပ္ခဲ့ျခင္းေၾကာင့္ ျပည္သူ႔ပါတီက တရားဝင္ မီဒီယာမ်ားမွတစ္ဆင့္ သတင္းထုတ္ျပန္ခဲ့ပါတယ္။ထို႔အတူ SMMT အဖြဲ႕သည္ USDP ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူအခ်ိဳ႕၏ FB အေကာင့္မ်ားကိုလည္း ကန္႔သတ္ပိတ္ဆို႔မႈမ်ား ျပဳ႕လုပ္ခဲ့ပါတယ္။
SMMT အဖြဲ႕ကို ၂၀၁၈ခုႏွစ္၌ နိုင္ငံေတာ္သမၼတအထူးရန္ပုံေငြ က်ပ္သန္း(၆၄၂၆)သန္းအသုံးျပဳ၍
ဖြဲ႕စည္းထားသည့္အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။
အလားတူ SMMTအဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ားႏွင့္ပတ္သက္ၿပီး SMMT အဖြဲ႕၏ မူဝါဒႏွင့္ ေဆာင္ရြက္မႈမ်ားကို ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက လႊတ္ေတာ္၌ အဆိုတင္သြင္းခဲ့ပါတယ္။
#PeopleMedia #SMMT #MyanmarFaceBookTeams
[Unicode]
နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေဖြင့် ထူထောင်ထားသည့် SMMT အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် တစ်သီး အမတ်လောင်း ဒေါက်တာအောင်မျိုး၏ FB ကို Post တင်ခွင့်ပိတ်ပင်
ရန်ကုန်၊စက်တင်ဘာ-၂၁
နေပြည်တော်ကောင်စီနယ်မြေ၊ဇမ္ဗူသီရိမြို့နယ် တစ်သီးအမတ်လောင်း ဒေါက်တာအောင်မျိုး၏ FB ကို နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေဖြင့် ထူထောင်ထားသည့် SMMT အဖွဲ့က Post တင်ခွင့် ပိတ်ထားတယ်လို့ ဒေါက်တာအောင်မျိုးက ပြောပါတယ်။
“ယနေ့နံနက်က စပြီးပိတ်လိုက်တာ။ဒီကတော့ Post တင်တာတွေ အပြင်လူတွေ မမြင်ရဘူး။အခြားသူကို ပို့လိုက်ရင် အခြားသူမှာက ဖိုင်အပျက်လိုဖြစ်နေတယ်။ဒါက အစိုးရရဲ့ ထိန်းချုပ်မှုပါလို့”ဒေါက်တာအောင်မျိုးက ပြောပါတယ်။
COVID-19 ကာလ၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လူထုနှင့် ထိတွေ့ခွင့်မရမှုကြောင့် ၎င်းတို့၏ လူမှုကွန်ယက်မှတစ်ဆင့် မဲဆန္ဒရှင်ပြည်သူများနှင့်ထိတွေ့လျက်ပါတယ်။ယခုလို SMMT ၏ဆောက်ရွက်ချက်သည်မျှတမှုမရှိသည့်လုပ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဒေါက်တာအောင်မျိုးက ပြောပါတယ်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်း၌ ပြည်သူ့ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ FB အကောင့်များနှင့် Page များကို SMMT အဖွဲ့က ထိန်းချုပ်မှုပြု့လုပ်ခဲ့ခြင်းကြောင့် ပြည်သူ့ပါတီက တရားဝင် မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။ထို့အတူ SMMT အဖွဲ့သည် USDP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူအချို့၏ FB အကောက်များကိုလည်း ကန့်သတ်ပိတ်ဆို့မှုများ ပြု့လုပ်ခဲ့ပါတယ်။
SMMT အဖွဲ့ကို ၂၀၁၈ခုနှစ်၌ နိုင်ငံတော်သမ္မတအထူးရန်ပုံငွေ ကျပ်သန်း(၆၄၂၆)သန်းအသုံးပြု၍
ဖွဲ့စည်းထားသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
အလားတူ SMMTအဖွဲ့၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး SMMT အဖွဲ့၏ မူဝါဒနှင့် ဆောင်ရွက်မှုများကို ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက လွှတ်တော်၌ အဆိုတင်သွင်းခဲ့ပါတယ်။
#PeopleMedia #SMMT #MyanmarFaceBookTeams