နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ ေထာင္ဒဏ္ (၂)ႏွစ္ က်ခံခဲ့သည့္ ေမာင္ေသြးခြၽန္ ကေလးၿမိဳ႕ေထာင္မွ ယေန႕ လြတ္ေျမာက္

PUBLISHED - January 2, 2020
ရန္ကုန္၊ ဇန္နဝါရီ – ၂
နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ ေထာင္ဒဏ္(၂)ႏွစ္ က်ခံခဲ့ရသည့္ စာေရးဆရာေမာင္ေ သြးခြၽန္သည္ ယေန႕ကေလးအက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။
ေမာင္ေသြးခြၽန္သည္ နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ၅၀၅(ခ)၊(ဂ) တို႔ျဖင့္ မင္းကင္း တရား႐ုံးမွ အမိန္႔ခ်မွတ္ခံခဲ့ရၿပီး ကေလးၿမိဳ႕ အက်ဥ္းေထာင္၌ ေထာင္ဒဏ္ (၂) ႏွစ္ က်ခံခဲ့ ရတာလည္း ျဖစ္ပါတယ္။
ေမာင္ေသြးခြၽန္သည္ မင္းကင္းၿမိဳ႕နယ္၌ ေဟာေျပာခဲ့သည့္ ေဟာေျပာမႈမ်ား၌ “အမ်ိဳးသား လႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ဥကၠဌႏွစ္ေယာက္လုံးသည္ ခရစ္ယာန္မ်ားျဖစ္ေၾကာင္းႏွင့္ ဗုဒၶဘာသာေမွးမွိန္ေနရေၾကာင္းအပါအဝင္ မ်ိဳးေစာင့္ဥပေဒမၾကာခင္ ဖ်က္သိမ္းေကာင္း ဖ်က္သိမ္းခံရေတာ့မယ္” စသည့္ စကားရပ္မ်ားပါဝင္ခဲ့မႈေၾကာင့္ မင္းကင္းၿမိဳ႕နယ္ ဒုတိယ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက တရားလိုျပဳလုပ္၍ တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ထားခဲ့တာ လည္းျဖစ္ပါတယ္။
အလားတူ ေမာင္ေသြးခြၽန္သည္ မ်ိဳးခ်စ္ညီၫႊတ္ေရးပါတီအမည္ျဖင့္ နိုင္ငံေရးပါတီ ေလွ်ာက္ ထားခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ပယ္ခ်ခဲ့ပါတယ္။
Photo – ဥာဏ္က်ယ္ေလး
[Unicode]
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် (၂)နှစ် ကျခံခဲ့သည့် မောင်သွေးချွန် ကလေးမြို့ထောင်မှ ယနေ့ လွတ်မြောက်
………………………………………………………………………………
ရန်ကုန်၊ ဇန်နဝါရီ – ၂
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်(၂)နှစ် ကျခံခဲ့ရသည့် စာရေးဆရာမောင် ေသွးချွန်သည် ယနေ့ကလေးအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
မောင်သွေးချွန်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)၊(ဂ) တို့ဖြင့် မင်းကင်း တရားရုံးမှ အမိန့်ချမှတ်ခံခဲ့ရပြီး ကလေးမြို့ အကျဉ်းထောင်၌ ထောင်ဒဏ် (၂) နှစ် ကျခံခဲ့ ရတာလည်း ဖြစ်ပါတယ်။
မောင်သွေးချွန်သည် မင်းကင်းမြို့နယ်၌ ဟောပြောခဲ့သည့် ဟောပြောမှုများ၌ “အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်ဥက္ကဌနှစ်ယောက်လုံးသည် ခရစ်ယာန်များဖြစ်ကြောင်းနှင့် ဗုဒ္ဓဘာသာမှေးမှိန်နေရကြောင်းအပါအဝင် မျိုးစောင့်ဥပဒေမကြာခင် ဖျက်သိမ်းကောင်း ဖျက်သိမ်းခံရတော့မယ်” စသည့် စကားရပ်များပါဝင်ခဲ့မှုကြောင့် မင်းကင်းမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာ လည်းဖြစ်ပါတယ်။
အလားတူ မောင်သွေးချွန်သည် မျိုးချစ်ညီညွှတ်ရေးပါတီအမည်ဖြင့် နိုင်ငံရေးပါတီ လျှောက် ထားခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။
Photo – ဥာဏ်ကျယ်လေး
#PeopleMedia #မောင်သွေးချွန်