နိုင်ငံရေးပြဿနာကို လက်နက်ကိုင်သောနည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်သည့်အတွက် ပစ်ခတ်တိုက်ခိုက်ခြင်း မပြုကြရန် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ကာဒီနယ် ချားလ်စ်ဘို တောင်းဆို

PUBLISHED - December 28, 2021
ရန်ကုန်၊ ဒီဇင်ဘာ၂၈ (People Media)
လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်သောနည်းဖြင့် ဖြေ ရှင်းနိုင်မည်မဟုတ်သည့်အတွက် ပစ်ခတ်တိုက်ခိုက်ခြင်းမပြုကြရန် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို တောင်းဆိုကြောင်း ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကာဒီနယ် ချားလ်စ်ဘိုက တောင်းဆိုလိုက်သည်။
အဆိုပါ တောင်းဆိုချက်တွင် ဆယ်စုနှစ်များစွာ ကြာမြင့်ပြီဖြစ်သော မြန်မာနိုင်ငံ၏ပြည်တွင်းစစ်သည် မည်သည့် အချိန်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း စစ်မှန်သော ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းနှင့် လွတ်လပ်ခြင်းကို မည် သည့်အချိန်တွင်မှ ကျွန်ုပ်တို့ခံစားရပါမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့အချင်းချင်း သတ်ဖြတ်နေကြသည့်လုပ်ရပ်များ မှာ မည်သည့်အချိန်တွင် ရပ်တန့်မည်ဖြစ်သနည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ညီအစ်ကိုမောင်နှမချင်း သတ်ဖြတ်ကြခြင်းကြောင့် ကျွန်ုပ်တို့၏ပြဿနာများသည် ပြေလည်သွားမည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံရေး ဤပြဿနာများကို လက်နက်ကိုင်သည့်နည်းလမ်းသည် ဖြေ ရှင်းနိုင်လိမ့်မည်မဟုတ်ချေ။
ပစ်ခတ်တိုက်ခိုက်ခြင်းမပြုကြရန် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ကျွန်ုပ်တောင်းဆိုလိုပါကြောင်း ဖော်ပြ ထားသည်။
ထို့အပြင် တပ်မတော်အနေဖြင့် အပြစ်မဲ့ပြည်သူများရှိရာသို့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များ၊ ဘုရားကျောင်းများ၊ ဆေးခန်းများအား ဖျက်ဆီးခြင်းတို့ကို ရပ်တန့်ပြီး ခိုင်းကာ ဒီမိုကရေစီအရေး လှုပ်ရှားသူများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ဖော်ပြပါရှိ သည်။
ထိုအပြင် ဖရူဆိုမြို့နယ်အတွင်းရှိ မိုဆိုကျေးရွာ၌ ဖြစ်ပေါ်ခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ လွန်စွာ စိတ်နှလုံး ကြေကွဲ ဝမ်းနည်းဖွယ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#PeopleMedia #ကာဒီနယ် ချားလ်စ်ဘို
(unicode)
…………………………………………………….