နိုင်ငံဖြတ်ကျော်မှုခင်းများနယ်ပယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍ၌ အကြမ်းဖက်မှုကျူးလွန်နိုင်သည့် အခွင့်အရေးမရှိစေရန် အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် ဆွေးနွေးခဲ့

PUBLISHED - September 30, 2021
နေပြည်တော်၊ စက်တင်ဘာ ၃၀ (People Media)
နိုင်ငံဖြတ်ကျော်မှုခင်းများနယ်ပယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍ၌ အကြမ်းဖက်မှုကျူးလွန်နိုင်သည့် အခွင့်အရေးမရှိစေရေးတို့ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ၁၅ ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်မှ ၁၅ ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေး ကို ဘရူးနိုင်းဒါရူဆလမ်နိုင်ငံက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ AMMTC ခေါင်းဆောင်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က နိုင်ငံဖြတ်ကျော်မှုခင်းများ နယ်ပယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍ၌ အကြမ်းဖက်မှု ကျူးလွန်နိုင်သည့် အခွင့်အရေးမရှိစေရေး၊ အကြမ်းဖက်ဝါဒ အမြစ်ပြတ်အောင် ရှင်းလင်း ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှုများ၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ နှင့် လူကုန်ကူးမှုခင်းများသည် ချိတ်ဆက်မှုများရှိနေသဖြင့် တားဆီးနှိမ်နင်းရေးတွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ၎င်းမှ ဒေသတွင်းနယ်စပ်စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဖလှယ်မှုများ ထိရောက်မှုရှိအောင် တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးတွင် နည်းပညာတိုးတက်လာမှုကြောင့် သတင်းမှား များသည် သတင်းမှန်များထက် လျင်မြန်စွာကျယ်ပြန့်နေသဖြင့် အစွန်းရောက်အတွေးအခေါ်များ တိုးတက်ဖြစ် ပေါ်နေကြောင်း၊ ဆိုက်ဘာနယ်ပယ် Digital Platform တွင် အကြမ်းဖက်မှုကို လှုံ့ဆော်ရန် ပိုမိုလွယ်ကူလာ သဖြင့် အာဆီယံဒေသတွင်း ဆိုက်ဘာနယ်ပယ်လုံခြုံရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ် ရပ်ချမှတ်အကောင်အထည်ဖော်ရေးတို့နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဒေသတွင်း နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက် ဖျက်ရေးနယ်ပယ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ Share Responsibility ကို အခြေခံ၍ ဆောင်ရွက်ရေး၊ မှုခင်းဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှု ပိုမိုမြှင့်တင်နိုင်ရေးတို့ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထာင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
အလားတူ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေပါကြောင်း ပြောကြားခဲ့သည်။
#PeopleMedia #အာဆီယံ #ပြည်ထဲရေး #ဗိုလ်ချုပ်ကြီးစိုးထွဋ်
(unicode)
………………………………………………………………………