နိုင်ငံ၏စီးပွားရေးအခြေအနေတုံ့ဆိုင်းနေမှုနှင့် စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းနေမှုတို့ကို ပြန်လည်ကုစား နိုင်ရန် ဒေသန္တရ (၅) နှစ်စီမံကိန်းရေးဆွဲမည်ဟု စီမံဘဏ္ဍာဝန်ကြီးပြောကြား

PUBLISHED - October 27, 2021
နေပြည်တော်၊ အောက်တိုဘာ ၂၇ (People Media)
နိုင်ငံ၏ စီးပွားရေးအခြေအနေ တုံ့ဆိုင်းနေမှုနှင့် စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေမှုတို့ကို ပြန်လည်ကုစားနိုင် ရေးအတွက် ဒေသန္တရစီမံကိန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အထိ ၅ နှစ်စီမံ ကိန်း ချမှတ်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
ယမန်နေ့က ပြုလုပ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပ ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှန်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေသန္တရစီမံကိန်းများ၌ မိမိတို့ဒေသတွင်း အလားအလာရှိသည့် လုပ်ငန်းများ၊ ဦးစားပေးဆောင်ရွက်ရန် လို အပ်ချက်များ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကတိကဝတ်ပြုထားသည့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံဖြိုးမှု ရည်မှန်းချက်များနှင့် ချိတ်ဆက်ကာ ဒေသန္တရ (၅)နှစ်စီမံ ကိန်းကို ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်ကာလတို (၅) နှစ် အမျိုးသားစီမံကိန်းနှင့် ဒေ သန္တရစီမံကိန်းများနှင့် ဆက်စပ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်း၊ အရအသုံးခန့်မှန်းခြေငွေ စာရင်းတို့ကို ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေအရ နိုင်ငံ၏ စီးပွားရေးအခြေအနေ တုံ့ဆိုင်းနေမှု၊ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေမှုတို့ကို ပြန်လည်ကုစားနိုင်ရေး၊ ကိုဗစ်-၁၉ အလွန်ကာလ နိုင်ငံ၏ စီးပွားရေးအခြေအနေ ပြန်လည်တည်ငြိမ်တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ရေးဆွဲရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia #စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန #ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်
(unicode)
…………………………………………………………………