• Follow Us on
Latest News

Home နိုင်ဂျာကို တိုက်ခိုက်လာရင် ဘာကီနာဖူဆိုနဲ့ မာလီနိုင်ငံက တပ်တွေကို နိုင်ငံထဲဝင်ခွင့်ပြုလိုက်မယ်လို့ နိုင်ဂျာ စစ်ခေါင်းဆောင်တွေပြော

နိုင်ဂျာကို တိုက်ခိုက်လာရင် ဘာကီနာဖူဆိုနဲ့ မာလီနိုင်ငံက တပ်တွေကို နိုင်ငံထဲဝင်ခွင့်ပြုလိုက်မယ်လို့ နိုင်ဂျာ စစ်ခေါင်းဆောင်တွေပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆

 

နိုင်ဂျာနိုင်ငံကို တခြားနိုင်ငံတွေက ရန်စကျူးကျော်လာခဲ့ရင် မိမိနိုင်ငံကိုကာကွယ်ဖို့အတွက် အိမ်နီးချင်း ဘာကီ နာဖူဆိုနဲ့ မာလီနိုင်ငံက တပ်ဖွဲ့တွေကို နိုင်ဂျာနိုင်ငံထဲကို ဝင်ခွင့်ပြုလိုက်မယ်လို့ ပြီးခဲ့တဲ့လက အာဏာသိမ်းထားတဲ့ နိုင်ဂျာစစ်ခေါင်းဆောင်တွေက ကြာသပတေးနေ့ (သြဂုတ်လ ၂၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဘာကီနာဖူဆိုနိုင်ငံခြားရေးဝန်ကြီး အိုလီဗီယာရဝမ်ဘာနဲ့ မာလီနိုင်ငံခြားရေးဝန်ကြီး အဒူလေးရီးဂျော့တို့ ဟာ နိုင်ဂျာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဒူရာဟာမနီ တီယာနီနဲ့ သွားရောက်တွေ့ဆုံခဲ့ပါ တယ်။

 

“နိုင်ဂျာနိုင်ငံကို ကျူးကျော်လာမယ်ဆိုရင် ဘာကီနာဖူဆိုနဲ့ မာလီနိုင်ငံက တပ်ဖွဲ့တွေကို နိုင်ဂျာနိုင်ငံထဲကို ဝင် ရောက်ခွင့်ပြုလိုက်မှာဖြစ်ကြောင်း” နိုင်ဂျာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအထွေထွေအတွင်းရေးမှူး ဖတ်ပြတဲ့ ထုတ်ပြန်ကြေညာချက်ကို အဲဒီနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက ကြိုဆိုလိုက်ပါတယ်။

 

ဇူလိုင်လ ၂၆ ရက်နေ့မှာ နိုင်ဂျာစစ်ခေါင်းဆောင်တွေက သမ္မတ မိုဟာမက်ဘာဇူးမ်ကို ဖြုတ်ချလိုက်ပြီး နောက် အနောက်အာဖရိက ဒေသတွင်းက အနောက်အာဖရိကနိုင်ငံများစီးပွားရေးအဖွဲ့ ECOWAS က နိုင်ဂျာနိုင်ငံမှာ သမ္မတကို အာဏာပြန်မအပ်ရင် အင်အားသုံးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

 

နိုင်ဂျာနိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက ဘာကီနာဖူဆို၊ ဂီနီနဲ့ မာလီနိုင်ငံတို့ပြီးရင် စစ်တပ်အာဏာ သိမ်းမှု ကိုတွေ့ကြုံခဲ့ရတဲ့ စတုတ္ထမြောက်နိုင်ငံဖြစ်ပါတယ်။

 

၎င်းတို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ နိုင်ဂျာနိုင်ငံကို ဘယ်လိုစစ်ရေးအရကျူးကျော်ဝင်ရောက်မှုမျိုးမဆို လုပ် ဆောင်လာမယ်ဆိုရင် ၎င်းတို့နိုင်ငံတွေကို စစ်ကြေညာတဲ့လုပ်ရပ်အဖြစ် မှတ်ယူသွားမှာဖြစ်ကြောင်း ဘာကီနာဖူဆိုနဲ့ မာလီနိုင်ငံတို့က အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ကြေညာလိုက်ပါတယ်။

 

“ကျွန်တော်တို့နိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာမယ်ဆိုရင် တချို့လူတွေထင်သလို ပန်းခြံထဲမှာ လမ်းလျှောက်ပြနေမှာမဟုတ်ဘူး။” လို့ နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဒူရာဟာမနီ တီယာနီက စနေနေ့က ရုပ်သံသတင်းဌာနမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

 

Ref: Niger to Let Burkina, Mali to Intervene on Its Soil if Attacked

 

#PeopleMedia


Share this post