• Follow Us on

Home နိုင်ဂျာစစ်အစိုးရက ပြင်သစ်သံအမတ်ရဲ့ သံတမန်ကင်းလွတ်ခွင့်ကို ပြန်လည်ရုပ်သိမ်းပြီး နိုင်ငံတွင်းက နှင်ထုတ် လိုက်ဖို့ ရဲတပ်ဖွဲ့ကို အမိန့်ပေး

နိုင်ဂျာစစ်အစိုးရက ပြင်သစ်သံအမတ်ရဲ့ သံတမန်ကင်းလွတ်ခွင့်ကို ပြန်လည်ရုပ်သိမ်းပြီး နိုင်ငံတွင်းက နှင်ထုတ် လိုက်ဖို့ ရဲတပ်ဖွဲ့ကို အမိန့်ပေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁

 

နိုင်ဂျာစစ်အစိုးရဟာ ပြင်သစ်သံအမတ်ရဲ့ သံတမန်ကင်းလွတ်ခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ၎င်းကို နိုင်ငံ တွင်းက နှင်ထုတ်လိုက်ဖို့ ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ကြောင်း စစ်အစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

လွန်ခဲ့တဲ့တစ်လကျော်က နိုင်ဂျာသမ္မတကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်သားတွေက ပြင်သစ်သံအမတ် ဆီလ်ဗာအစ်တီကို ပြီးခဲ့တဲ့သီတင်းပတ်က ၄၈ နာရီအတွင်း နိုင်ငံတွင်းကထွက်ခွာသွားဖို့ မောင်းထုတ်ခဲ့တာဖြစ် ပါတယ်။

 

နိုင်ဂျာစစ်အစိုးရကပေးထားတဲ့ နောက်ဆုံးသတ်မှတ်ချိန်က သြဂုတ်လ ၂၈ ရက်နေ့ဖြစ်ပါတယ်။

 

ပြင်သစ်အစိုးရကတော့ နိုင်ဂျာအာဏာသိမ်းစစ်တပ်ကို နိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တွေအဖြစ် အသိအမှတ်ပြု လက်မခံနိုင်ကြောင်းပြောဆိုလိုက်ပြီး တိုင်းပြည်ကနှင်ထုတ်နေပေမဲ့ ပြင်သစ်သံအမတ်ကတော့ ၎င်းနေရာမှာပဲ ဆက်လက်နေထိုင်သွားမှာဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အန်းကလဲယားလီ ဂျန်းဒါက ကြာသပတေးနေ့က ပြောပါတယ်။

 

အခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ နိုင်ဂျာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှာတော့ “ပြင်သစ်သံအမတ်ရဲ့ သံတမန်ကင်းလွတ်ခွင့်နဲ့ အခွင့်ထူးတွေကို ဆက်လက်ခံစားခွင့် မရှိတော့ကြောင်း” ဆိုပြီး ဖော်ပြထားတာကို AP သတင်းဌာနက ဖတ်ရှုခဲ့ရပါတယ်။

 

ပြင်သစ်သံအမတ်ရဲ့သံတမန်ကတ်တွေနဲ့ သံအမတ်မိသားစုရဲ့ ပြည်ဝင်ခွင့်အားလုံးကို ပယ်ဖျက်လိုက်ပြီဖြစ် ကြောင်း အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ပြင်သစ်သံအမတ် ဆီလ်ဗာအစ်တီကို နိုင်ငံတွင်းကထွက်ခွာသွားဖို့ ပြောလိုက်ပြီးနောက် သံအမတ်အနေနဲ့ ၎င်း ရဲ့နေရာမှာပဲ ဆက်လက်ရှိနေမှာဖြစ်ကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က ပြောပါတယ်။

 

နိုင်ဂျာနိုင်ငံကို ကိုလိုနီဘဝမှာအုပ်ချုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံဟာ နိုင်ဂျာနိုင်ငံရဲ့ ရန်သူမဟုတ်ကြောင်း ပြောဆိုနေ ပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကိုတော့ ကန့်ကွက်ဆန့်ကျင်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ပြော ပါတယ်။

 

ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတမိုဟာမက်ဘာဇွမ်းကို ဖြုတ်ချလိုက်ပြီး နောက် အာဏာသိမ်းစစ်အစိုးရဟာ ၎င်းကိုပြည်သူတွေထောက်ခံလာအောင် လူထုကြားမှာ ပြင်သစ်ဆန့်ကျင် ရေး စိတ်ဓာတ်တွေ ရိုက်သွင်းခဲ့ပါတယ်။

 

တစ်ချိန်က ပြင်သစ်စစ်အခြေစိုက်စခန်းတည်ရှိခဲ့တဲ့ နီယာမေမြို့တော်မှာ နိုင်ဂျာပြည်သူတွေက နေ့စဉ်လိုလို “ပြင်သစ်နိုင်ငံကျဆုံးပါစေ” လို့ ကြွေးကြော်နေကြပါတယ်။

 

နိုင်ဂျာနိုင်ငံမှာ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ရှိပြီး အဲဒီတပ်ဖွဲ့ဝင်တွေဟာ အယ်လ်ကွေဒါနဲ့ အစ္စလာမ်မစ်နိုင်ငံ တော်အုပ်စု အကြမ်းဖက်သမားတွေကို နှိမ်နှင်းနေတဲ့ နိုင်ဂျာတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့သူ တွေဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Niger’s military regime orders police to expel French ambassador and revokes his diplomatic immunity

 

#PeopleMedia


Share this post