• Follow Us on

Home နိုင်ဂျာစစ်အစိုးရနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်တော့မှာ မဟုတ်ကြောင်း ဂျာမနီပြော

နိုင်ဂျာစစ်အစိုးရနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်တော့မှာ မဟုတ်ကြောင်း ဂျာမနီပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၈

 

အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ နိုင်ဂျာနိုင်ငံရဲ့ စစ်အစိုးရနဲ့ ဆက်ဆံရေးမှာ ယုံကြည်မှုကင်းမဲ့နေတဲ့အတွက် ဂျာမနီအစိုးရအနေနဲ့ နိုင်ဂျာစစ်တပ်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တော့မှာမဟုတ်ကြောင်း ဂျာမန်နိုင်ငံခြား ရေးဝန်ကြီး အနာလီနာဘဲဘော့ခ်က အင်္ဂါနေ့ (ဇူလိုင်လ ၁၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဂျာမနီနိုင်ငံအနေနဲ့ နိုင်ဂျာမှာရှိတဲ့ လေတပ်စခန်းက စစ်ဆင်ရေးကိစ္စတွေကို အဆုံးသတ်တော့မှာဖြစ်သလို ကျန် ရှိနေတဲ့ ဂျာမန်တပ်ဖွဲ့ဝင် ၃၆ ဦးကိုလည်း သြဂုတ်လ ၃၁ ရက်နေ့မတိုင်ခင် ပြန်လည်ခေါ်ယူတော့မှာဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့က ဂျာမန်အစိုးရက ကြေညာခဲ့ပြီးဖြစ်ပါတယ်။

 

“အရင်တုန်းကရှိခဲ့တဲ့ ယုံကြည်မှုတွေ မရှိတော့တာကြောင့် စစ်ရေးအရ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ် နိုင်တော့ပါဘူး။” လို့ နိုင်ဂျာအနီးက အိုင်ဗရီကို့စ်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဘဲ ဘော့ခ်က ပြောပါတယ်။

 

“တပြိုင်တည်းမှာပဲ နိုင်ဂျာပြည်သူတွေဟာ နိုင်ငံထဲမှာဖြစ်ပျက်ခဲ့တာတွေအတွက် တာဝန်မရှိတဲ့အတွက် လူသား ချင်းစာနာထောက်ထားမှု အကူအညီတွေကို ကျွန်မတို့ ရပ်တန့်ပစ်မှာ မဟုတ်ပါဘူး။” လို့ အိုင်ဗရီကို့စ်သမ္မတ အ လာဆိန်ကွာတာရာနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောပါတယ်။

 

၂၀၂၃ ခုနှစ် ဇူလိုင်လမှာ သမ္မတမိုဟာမက်ဘာဇွမ်းကို ဖြုတ်ချဖမ်းဆီးထားပြီး စစ်အာဏာသိမ်းလိုက်ပြီးနောက် နိုင်ဂျာနိုင်ငံကို စစ်တပ်က အုပ်ချုပ်နေပါတယ်။

 

စစ်အစိုးရတက်လာတဲ့အတွက် နိုင်ငံတွင်းရှိ ပြင်သစ်၊ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာသွားကြသလို နိုင်ဂျာအစိုးရကလည်း ရုရှားထံ မဝံ့မရဲ ပြန်လည်ချဉ်းကပ်နေပါတယ်။

 

သြဂုတ်လမကုန်ခင်အထိ နိုင်ဂျာမြို့တော် နီယာမေး လေတပ်စခန်းမှာ ဂျာမန်တပ်ဖွဲ့ဝင်တွေ လုပ်ငန်းတွေဆက် လက်ဆောင်ရွက်ဖို့ ဂျာမန်အစိုးရနဲ့ နိုင်ဂျာအစိုးရ မေလကုန်ပိုင်းမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

 

ဒါပေမဲ့ အဲဒီလေတပ်စခန်းက ဂျာမန်တပ်ဖွဲ့ဝင်တွေကို ဆက်လက်အကာအကွယ်မပေးနိုင်တော့တဲ့အတွက် အဆိုပါသဘောတူစာချုပ်ကို ထပ်မံသက်တမ်းမတိုးနိုင်တော့ဘူးလို့ ဆိုပါတယ်။

 

Ref: Germany Says Not Possible to Continue Military Cooperation with Niger

 

#PeopleMedia


Share this post