နိုင်ဂျာနိုင်ငံမှာ လေကြောင်းကင်းထောက်လုပ်ငန်းတွေ ပြန်လည်စတင်တော့မယ်လို့ အမေရိကန်ပြော
PUBLISHED - September 16, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၆
နိုင်ဂျာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရပ်တန့်ထားတဲ့ လေကြောင်းစောင့်ကြည့်ထောက်လှမ်းအ လုပ်တွေကို အမေရိကန်ပြည်ထောင်စုက ပြန်လည်စတင်တော့မှာဖြစ်ပေမဲ့ တခြားလုပ်ငန်းတွေကိုတော့ ရပ် ဆိုင်းထားဦးမှာဖြစ်ကြောင်း အမေရိကန်စစ်တပ်ပြောခွင့်ရအမျိုးသမီးက စက်တင်ဘာလ ၁၄ ရက်နေ့ (ကြာသ ပတေးနေ့) က ပြောကြားလိုက်ပါတယ်။
“နိုင်ဂျာမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ တပ်ဖွဲ့ဝင်တွေ ကာကွယ်ရေးအတွက် ISR ပျံသန်းမှု (ထောက် လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေး၊ ကင်းထောက်) တွေကို စတင်ဆောင်ရွက်တော့မှာဖြစ်ကြောင်း အ တည်ပြုပြောကြားလိုက်ပါတယ်။” လို့ အမေရိကန် အာဖရိကစစ်ဌာနချုပ်ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။
“ကျွန်မတို့အနေနဲ့ သင့်တော်တဲ့အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်တွေ ရယူထားပြီးဖြစ်ပါတယ်။ အမေရိကန် နိုင်ငံဟာ လိုအပ်လာရင် ကျွန်မတို့တပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့အတွက် စစ်ဆင်ရေးတွေဆောင်ရွက်ပိုင်ခွင့်ရှိပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
ကင်းထောက်လေယာဉ်တွေ ပြန်လည်ပျံသန်းနေပြီဖြစ်ပေမဲ့ လုံခြုံရေးအထောက်အကူသင်တန်းတွေနဲ့ အကြမ်း ဖက်မှုတန်ပြန်စစ်ဆင်ရေးသင်တန်းတွေလို နိုင်ဂျာတပ်ဖွဲ့ဝင်တွေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုတော့ပြန် လည်ဆောင်ရွက်ဦးမှာ မဟုတ်သေးဘူးလို့ ၎င်းက ပြောပါတယ်။
နိုင်ဂျာနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၁၀၀ ဝန်းကျင်ရှိနေပေမဲ့ စစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး အဲဒီတပ် ဖွဲ့ဝင်တွေဟာ ၎င်းတို့တပ်စခန်းအသီးသီးမှာသာ ရှိနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။
နိုင်ဂျာသမ္မတမိုဟာမက်ဘာဇုမ်းကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ၎င်းရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြုတ်ချခဲ့ပြီး ၎င်း ရဲ့မိသားစုနဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားအစိုးရကို အာဏာပြန်မပေးဘူးဆိုရင် အင်အားသုံးအရေးယူသွား မယ်ဆိုပြီး အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ ECOWAS က နိုင်ဂျာနိုင်ငံကို ခြိမ်းခြောက်ထားပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မြို့တာ် နီယာမေမှာရှိတဲ့ တပ်စခန်းတစ်ခုက တပ်ဖွဲ့ ဝင်တွေကို အဂက်ဒက်နယ်မြေရှိ တပ်စခန်းတစ်ခုမှာ ရွှေ့ပြောင်းတာဝန်ချထားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။
Ref: US Military Resumes Surveillance Flights over Niger
#PeopleMedia