နိုင်ဂျာနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ အခြေစိုက်ထားတဲ့နေရာကို ရုရှားတပ်တွေဝင်ရောက်လာ
PUBLISHED - May 3, 2024
နိုင်ငံတကာ၊ မေ ၃
နိုင်ဂျာစစ်အစိုးရက အမေရိကန်တပ်တွေကို နိုင်ငံထဲကနေ နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ နိုင်ဂျာနိုင်ငံ ထဲက အမေရိကန်တပ်တွေရှိနေတဲ့ လေတပ်စခန်းတစ်ခုကို ရုရှားတပ်တွေဝင်ရောက်လာခဲ့ပါတယ်။
အနောက်အာဖရိကနိုင်ငံ နိုင်ဂျာကိုအုပ်ချုပ်နေတဲ့ စစ်အရာရှိတွေက နိုင်ငံတွင်းတပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ ဝင် ၁၀၀၀ ဝန်းကျင်ကို ပြန်လည်ဆုတ်ခွာသွားဖို့ ပြောထားပါတယ်။
လူဦးရေထောင်နဲ့ချီသေဆုံးပြီး သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ထွက်ပြေးနေရတဲ့ တိုက်ပွဲတွေမှာ အမေရိကန်တပ်တွေက နိုင်ဂျာအစိုးရဘက်ကကူညီတိုက်ခိုက်ပေးခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာမသိမ်းခင်အထိ အမေရိကန် အစိုးရဟာ နိုင်ဂျာနိုင်ငံအတွက် အဓိကမိတ်ဖက်နိုင်ငံဖြစ်ခဲ့ပါတယ်။
ရုရှားတပ်တွေဟာ အမေရိကန်တပ်တွေနဲ့ ရောနှောနေထိုင်ခြင်းမရှိဘဲ နိုင်ဂျာမြို့တော် နီယာမေးရှိ ဒီရိုရီဟာမနီ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ အမှတ် ၁၀၁ လေတပ်စခန်းက လေယာဉ်ဂိုဒေါင်တစ်ခုမှာ တပ်စွဲထားတယ် လို့ ဆိုပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် နှစ်နိုင်ငံ စစ်ရေး/သံတမန်ရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်တပ်တွေ အခြေချထားတဲ့နေရာကို အခုလို ရုရှားတပ်တွေဝင်ရောက်လာတာဟာ အမေရိကန်တပ်တွေနဲ့ ရုရှားတပ်တွေ ကြား ထိပ်တိုက်တွေ့ဆုံဖို့ ပိုမိုနီးကပ်လာအောင် တွန်းပို့လိုက်သလိုဖြစ်နေပါတယ်။
အာဏာသိမ်းမှုတွေဖြစ်ပွားခဲ့တဲ့ အာဖရိကနိုင်ငံတချို့က အာဏာရှင်တွေဟာ အနောက်နိုင်ငံအစိုးရတွေနဲ့ ကင်း ကင်းရှင်းရှင်းနေချင်တာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို နိုင်ငံတွင်း က မောင်းထုတ်ခဲ့ကြပါတယ်။
တပြိုင်တည်းမှာပဲ ရုရှားအစိုးရကလည်း ရုရှားနိုင်ငံဟာ အာဖရိကတိုက်မှာ ကိုလိုနီပြုအုပ်ချုပ်မှာမဟုတ်တဲ့ မိတ် ဆွေနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောဆိုရင်း အာဖရိက နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်တည်ဆောက်ဖို့ ကြိုးပမ်း လျှက်ရှိပါတယ်။
ဥပမာအားဖြင့် မကြာသေးခင်ကမှ ရုရှားရဲ့ အရင်းနှီးဆုံး အာဖရိက မဟာမိတ်နိုင်ငံဖြစ်လာတဲ့ မာလီနိုင်ငံမှာ ဂျီ ဟတ်ဝါဒီသူပုန်တွေကို တိုက်ခိုက်ရာမှာ ရုရှားနိုင်ငံက ဝဂ္ဂနာကြေးစားတပ်တွေက ကူညီတိုက်ခိုက်ခဲ့ပါတယ်။
နိုင်ဂျာမှာ ရုရှားတပ်ဖွဲ့ဝင် ၆၀ ဝန်းကျင်ခန့်ရှိလိမ့်မယ်လို့ နိုင်ဂျာအာဏာပိုင်တွေက အမေရိကန်အစိုးရကို ပြော ထားကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမှတ် ၁၀၁ လေတပ်စခန်းက အမေရိကန်တပ်ဖွဲ့ဝင်တချို့ကို အမေရိကန်စစ် တပ်က အမှတ် ၂၀၁ လေတပ်စခန်းကို ရွှေ့ပြောင်းခဲ့ပါတယ်။
အမှတ် ၂၀၁ လေတပ်စခန်းကို အမေရိကန်အစိုးရက ဒေါ်လာသန်း ၁၀၀ ကျော်အကုန်အကျခံတည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်ကစပြီး အိုင်အက်အပါအဝင် အစ္စလာမ်မစ်စစ်သွေးကြတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက် ရာမှာ အဲဒီလေတပ်စခန်းကို အသုံးပြုခဲ့ပါတယ်။
နိုင်ဂျာကနေ အမေရိကန်တပ်တွေ စနစ်တကျဆုတ်ခွာနိုင်ဖို့ ကြယ်နှစ်ပွင့် ဗိုလ်ချုပ်တစ်ဦးကို အမေရိကန်အစိုးရ က စေလွှတ်ထားပါတယ်။
Ref: Russian troops enter airbase in Niger where US soldiers are stationed
#PeopleMedia