• Follow Us on

Home နိုင်ဂျီးရီးယားစစ်တပ် ဒရုန်းနဲ့ မှားယွင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈၅ ဦး သေဆုံး

နိုင်ဂျီးရီးယားစစ်တပ် ဒရုန်းနဲ့ မှားယွင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈၅ ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆

 

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာကို တနင်္ဂနွေနေ့ (ဒီဇင်ဘာ လ ၃ ရက်နေ့) က နိုင်ဂျီးရီးယားစစ်တပ်က ဒရုန်းနဲ့ မှားယွင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာသား ၈၅ ဦးထက် မနည်းသေဆုံးသွားကြောင်း နိုင်ဂျီးရီးယားအရာရှိတွေက ပြောပါတယ်။

 

ရွာသားတွေ မူဆလင်ဘာသာရေးပွဲတော်တစ်ခုကျင်းပနေတဲ့ တူဒန်ဘီရီကျေးရွာကို နိုင်ဂျီးရီးယားစစ်တပ်က ဒရုန်းနဲ့ မှားယွင်းတိုက်ခိုက်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပြီးနောက်မှာ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ သမ္မတ ဘိုလာအာမက်တီနူဘူက အင်္ဂါနေ့က အမိန့်ပေးလိုက်ပါတယ်။

 

အသေအပျောက်စာရင်းနဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားစစ်တပ်က အသေးစိတ်ပြောကြားခြင်းမရှိပေမဲ့ တိုက်ခိုက်မှု ကြောင့် ကျေးရွာသား ၈၅ ဦးသေဆုံးခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အများအပြားပါဝင်ကြောင်း ဒေသခံ တွေက ပြောပါတယ်။

 

“ရှာဖွေရေးတွေ ဆက်လက်ဆောင်ရွက်နေပေမဲ့ လက်ရှိအချိန်မှာ အလောင်း ၈၅ လောင်း မြှုပ်နှံပြီးသွားပြီဖြစ် ကြောင်း ဒေသအာဏာပိုင်တွေထံက သတင်းပေးပို့ချင်တွေကို အနောက်မြောက်ဒေသရုံးက လက်ခံရရှိထားပါ တယ်။” လို့ အမျိုးသားအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုအေဂျင်စီ (NEMA) က ပြောပါတယ်။

 

နောက်ထပ် ကျေးရွာသား ၆၆ ဦးမှာလည်း ဆေးရုံတက်ရောက်ပြီး ဆေးဝါးကုသမှုခံယူနေရကြောင်း NEMA ပြောပေမဲ့ အဲဒီကျေးရွာကိုသွားရောက်နိုင်ဖို့အတွက် တင်းမာမှုတွေ တည်ငြိမ်လာဖို့ အရေးပေါ်စီမံခန့်ခွဲမှုအရာရှိ တွေက ဒေသခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေဆဲပဲဖြစ်တယ်လို့ ဆိုပါတယ်။

 

“နိုင်ဂျီးရီးယားနိုင်ငံသားတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ ဒီမှားယွင်းမှုအဖြစ်အပျက်ဟာ အလွန်ကံဆိုးမိုးမှောင်ကျမှုကြီး ဖြစ်သလို ထိတ်လန့်တုန်လှုပ်စရာလည်းကောင်း ပြီး နာကျင်စရာလည်းကောင်းကြောင်း သမ္မတကြီး တီနူဘူက ပြောပါတယ်။” လို့ သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

နိုင်ဂျီးရီးယားစစ်တပ်ဟာ များသောအားဖြင့် နိုင်ငံရဲ့ အနောက်မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်ဒေသတွေမှာ ရှိတဲ့ စစ်သွေးကြွအုပ်စုတွေကို နှိမ်နှင်းရာမှာ လေကြောင်းတိုက်ခိုက်မှုကို အားထားပြီးတိုက်ခိုက်လေ့ရှိပါ တယ်။ နိုဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ ဂျီဟတ်ဝါဒီစစ်သွေးကြွတွေ ထကြွသောင်းကျန်း နေတာ ဆယ်နှစ်ကျော်လာပြီဖြစ်ပါတယ်။

 

Ref: Nigeria Army Drone Strike Accident Kills 85 Civilians

 

#PeopleMedia


Share this post