• Follow Us on
Latest News

Home နိုင်ငံကိုအတတ်နိုင်ဆုံးတည်ငြိမ်မှုရှိအောင် နိုင်ငံတော်ဝန်ကြီးချုပ်အနေနှင့် အထူးပဲကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ နေ့မအားညမနား ဆောင်ရွက်လျက်ရှိဟု ပြန်ကြားရေးဝန်ကြီး ပြောကြား

နိုင်ငံကိုအတတ်နိုင်ဆုံးတည်ငြိမ်မှုရှိအောင် နိုင်ငံတော်ဝန်ကြီးချုပ်အနေနှင့် အထူးပဲကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ နေ့မအားညမနား ဆောင်ရွက်လျက်ရှိဟု ပြန်ကြားရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၂၆

 

နိုင်ငံကို အတတ်နိုင်ဆုံး တည်ငြိမ်မှုရှိအောင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနှင့် အထူးပဲကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ နေ့မအား၊ ညမနား ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် သြဂုတ်လ ၁၈ရက်နေ့ ညနေပိုင်းက China Global Television Net (CGTN) နှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဖြေကြားစဉ် ထည့်သွင်းပြောကြား ခဲ့သည်။

 

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့သည့် အိမ်နီးချင်းနိုင်ငံများဖြစ် ကြောင်း၊ ယခုဆိုရင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအဆင့်ကို ရောက်ပြီးတော့မှ ထဲထဲဝင်ဝင်နှစ်နိုင်ငံ ချစ် ကြည်ရေးကိုလည်း တိုးမြှင့်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် တချို့စီမံကိန်း တော်တော်များများကို တရုတ်နိုင်ငံအကူအညီနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ကိုယ့်ဘေးနားရှိ အိမ်နီးနားချင်းက အားနည်းမှုရှိပါက အားသာသည့် အိမ်နီးနားချင်း နိုင်ငံကြီးက ကူညီရမည်ဖြစ်ကြောင်း၊ ထိုသို့ပဲ တစ်ဖက်ကနိုင်ငံကြီးတွင် ပြဿနာဖြစ်သည်ဆိုပါက မိမိတို့နိုင်ငံက အိမ်နီးနားချင်းများ ကူညီရမည်ဖြစ်ကြောင်း ပြောသည်။

 

“သမ္မတကြီး ရှီကျင့်ဖျင်ရဲ့ ပေါင်းစည်းရေးလုပ်ငန်းတွေကိုလည်း ကျွန်တော်တို့အနေနဲ့ အထူးပဲ အလေးအနက် ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံကို အတတ်နိုင်ဆုံး တည်ငြိမ်မှုရှိအောင်လည်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အထူးပဲကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ နေ့မအား၊ ညမနား ဆောင်ရွက် လျက်ရှိပါတယ်။  လာမယ့်ကာလတွေမှာ နှစ်နိုင်ငံချစ်ကြည်ရေးက ပိုပြီးတော့ အရှိန်မြှင့်ပါမယ်။ မြှင့်တင်တဲ့အခါ မီဒီယာကဏ္ဍအနေနဲ့လည်း ပါဝင်မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

မြန်မာနိုင်ငံကို ကြည့်မည်ဆိုပါက ယနေ့ မီဒီယာကြီးများ၏ လွှမ်းမိုးမှုက တော်တော်လေးကို ထဲထဲဝင်ဝင်နှင့် နိုင်ငံ၏ အခြေအနေတိုးတက်မှုကို နှောင့်နှေးအောင် လုပ်သည်များ တွေ့ရကြောင်း၊ ဆိုလိုသည့် သဘောမှာ သတင်းတု၊ သတင်းမှားများကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် သတင်းအမှန်များကို အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ အားလုံးကို မသိရအောင် နည်းပညာနှင့်ဖြစ်စေ၊ တခြားနိုင်ငံရေးနည်း လမ်းများနှင့်ဖြစ်စေ ဖုံးလွှမ်းပြီး မဟုတ်သည့် သတင်းတု၊ သတင်းမှားများကိုသာ ကမ္ဘာ့နိုင်ငံအသီးသီးကို ရောက်အောင် တချို့သောနိုင်ငံကြီးများက စီမံဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

အမှန်တကယ် ပကတိမြန်မာနိုင်ငံ၏ အနေအထားကို ပြည်ပနိုင်ငံများမှ မသိသည့်အခါ အထင်အမြင်လွဲမှားမှု များ၊ နားလည်မှုများ ယုံကြည်မှုများ လျော့ပါးသည့်အခါတွင် နှစ်နိုင်ငံဆက်ဆံရေးများ၊ ချစ်ကြည်ရေးများလည်း လျော့ပါးစေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ယနေ့မီဒီယာသည် အရေးကြီးသည့် အခန်းကဏ္ဍကိုရောက် လာပြီဖြစ်ကြောင်း၊ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် ဆိုရင်အတတ်နိုင်ဆုံး သတင်းတု၊ သတင်းမှား များကို ချေဖျက်ပြီး သတင်းအမှန်များကို ပြည်သူများသိအောင် နိုင်ငံအတွင်း၌ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နေနိုင်ပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ပြည်ပနိုင်ငံအသီးသီးကို ရောက်ရှိရန် လိုနေသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

#PeopleMedia


Share this post