• Follow Us on
Latest News

Home နိုင်ငံကူးလက်မှတ်စာအုပ်တန်ဖိုး ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်

နိုင်ငံကူးလက်မှတ်စာအုပ်တန်ဖိုး ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်

Share this post

နေပြည်တော်၊ သြဂုတ် ၂၉

 

မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တန်ဖိုးကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သတင်းထုတ်ပြန် ထားသည်။

 

ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၁ ရက်မှ စ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post