နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၃၉) ဦး၏ ဘဏ်ငွေ စာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများဆောင်ရွက်ထားကြောင်း ဗဟိုဘဏ် သတင်း ထုတ်ပြန်

PUBLISHED - June 5, 2024
နေပြည်တော်၊ ဇွန် ၅
နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၃၉) ဦးတို့အား ဘဏ် ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြား ငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေ သည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလ ၂၄ ရက်နေ့က အသိပေးကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဆိုပါတားမြစ်ချက်ကို လိုက်နာခြင်းမရှိသူများကို ငွေစာရင်းများပိတ်သိမ်း ခြင်း၊ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည့် မေလ ၂၄ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ နိုင်ငံခြားငွေကြေး ကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါလူပုဂ္ဂိုလ် (၃၉) ဦးတို့အား စိစစ် ဖော်ထုတ်ပြီး ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားရှိ သည့် ၎င်းတို့၏ ဘဏ်ငွေစာရင်းများနှင့် Pay Accountများအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ၎င်းတို့အား တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများက စုံစမ်းဖော်ထုတ်အရေး ယူလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia