• Follow Us on
Latest News

Home နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်ရကုမ္ပဏီ ၁၃ ခုကို ဗဟိုဘဏ်လိုင်စင်ရုပ်သိမ်း

နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်ရကုမ္ပဏီ ၁၃ ခုကို ဗဟိုဘဏ်လိုင်စင်ရုပ်သိမ်း

Share this post

နေပြည်တော်၊ သြဂုတ် ၁၅

 

နိုင်ငံခြားငွေ လဲလှယ်ခွင့် လိုင်စင်ရကုမ္ပဏီ ၁၃ ခုကို လိုင်စင် ရုပ်သိမ်းကြောင်း မြန်မာနိုင်တော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရ ကုမ္ပဏီ (၁၃) ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြား ချက်များကို လိုက်နာမှုမရှိပါသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်အား အမှုဆောင် ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ သြဂုတ် ၁၄ ရက်နေ့မှစ၍ ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထား သည်။

 

အဆိုပါ လိုင်စင်ရုတ်သိမ်းခံရသည့် ကုမ္ပဏီ (၁၃) ခုမှာ Prime Residence Co .,ltd ၊ West Line Co .,ltd ၊ IMA Co .,ltd ၊ Great Father Great Sons General Trading Co .,Ltd ၊ Gold Foil Co .,Ltd ၊ Big Lion Gems Co .,Ltd ၊ Global International Investment & Development Co .,Ltd ၊ World Fortune Inter national Finance Group Shares Co .,Ltd ၊ Myat Nan Yone Services Co .,Ltd ၊ LP holding Co .,Ltd ၊ Golden Myanmar Asia Crown Travels &Tours Co .,Ltd ၊ Yangon KSA Travels &Tours Co .,Ltd ၊ Balance Co .,Ltd တို့ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post