နိုင်ငံခြားရုပ်ရှင်ကုမ္ပဏီတွေဆီက ဝင်ငွေ ဘတ် ၃ ဘီလျံ ထိုင်းနိုင်ငံရရှိ
PUBLISHED - May 24, 2024
နိုင်ငံတကာ၊ မေ ၂၄
ထိုင်းနိုင်ငံဟာ အခုနှစ် ဇန်နဝါရီလကစပြီး နိုင်ငံတွင်း ရုပ်ရှင်လာရောက်ရိုက်ကူးနေကြတဲ့ ပြည်ပနိုင်ငံတွေရဲ့ ရုပ် ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ၁၈၆ ခုဆီက ထိုင်းဘတ်ငွေ ၃ ဘီလျံ ရရှိခဲ့ကြောင်း ထိုင်းရုပ်ရှင်ရုံး (TFO) ကသတင်း အချက်အလက်ကို ကိုးကားပြီး အစိုးရပြေခွင့်ရပုဂ္ဂိုလ် ချိုင်းဝတ်ချာရောင်းက မေလ ၂၃ ရက်နေ့က ပြောကြား လိုက်ပါတယ်။
ထိုင်းနိုင်ငံဟာ အာရှတိုက်ထဲက ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအတွက် ရွေးချယ်ထားတဲ့ ထိပ်ဆုံးငါးနိုင်ငံထဲမှာ ပါ ဝင်ဖို့ ရည်ရွယ်ထားပြီး အခုနှစ် ပထမငါးလအတွင်း နိုင်ငံခြားရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ ဘတ်ငွေ ၃.၁၉၂ ဘီလျံထက်မနည်း ရရှိနိုင်တယ်လို့ ၎င်းက ပြောပါတယ်။
၂၀၂၄ ခုနှစ် နှစ်စပိုင်းကတည်းကစပြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ၁၈၆ ခုဟာ ထိုင်းနိုင်ငံက ပြည်နယ် ၄၇ ခု မှာ ရုပ်ရှင်ရိုက်ကူးနေကြကြောင်း ချိုင်းက ပြောပါတယ်။
ဇန်နဝါရီလအတွင်းမှာ ရုပ်ရှင်ကုမ္ပဏီ ၄၆ ခု၊ ဖေဖော်ဝါရီလမှာ ကုမ္ပဏီ ၄၅ ခု၊ မတ်လမှာ ကုမ္ပဏီ ၄၁ ခု၊ ဧပြီလ မှာ ကုမ္ပဏီ ၃၉ ခုနဲ့ မေလမှာ ကုမ္ပဏီ ၁၅ ခုတို့ လာရောက်ရိုက်ကူးနေကြောင်း TFO သတင်းအချက်အလက်အ ရ သိရပါတယ်။
ထို်င်းနိုင်ငံထဲမှာ ရုပ်ရှင်လာရောက်ရိုက်ကူးတဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံက ငွေကြေးအများဆုံးသုံးစွဲတဲ့နိုင်ငံဖြစ် ပြီး အခုဖော်ပြပါကာလမှာ ဘတ်ငွေ ၆၈ သန်း သုံးစွဲခဲ့သလို အိန္ဒိယနိုင်ငံကတော့ ရုပ်ရှင်ကုမ္ပဏီ ၂၂ ခု လာ ရောက်ရိုက်ကူးခဲ့တဲ့အတွက် ကုမ္ပဏီအများဆုံးလာရောက်ရိုက်ကူးတဲ့ နိုင်ငံဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကတော့ ရုပ်ရှင်ကား ၁၂၃ ကား လာရောက်ရိုက်ကူးနေတဲ့အတွက် ထိုင်းနိုင်ငံမှာ ရုပ် ရှင်အရို်က်ရဆုံး နေရာဖြစ်ပါတယ်။
“ထိုင်းနိုင်ငံထဲမှာ နိုင်ငံခြားရုပ်ရှင်ကုမ္ပဏီ ရုပ်ရှင်လာရောက်ရိုက်ကူးနေတာကို ထိုင်းအစိုးရက အဆင်ပြေချော မွေ့အောင် ဆောင်ရွက်ပေးနေပါတယ်။ ထိုင်းအစိုးရဟာ ရုပ်ရှင်ရိုက်ကူးရေးအတွက် သင့်တော်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင် ပြုလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီလုပ်ငန်းကနေ အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိ လာပြီး ကဏ္ဍာအသီးသီးကို အစိုးရဝင်ငွေတွေ ပိုမိုပြန့်နှံ့သွားစေနိုင်သလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့် တင်ပေးသွားနိုင်မှာဖြစ်ပါတယ်။” လို့ ချိုင်းက ပြောပါတယ်။
ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေ အောင်မြင်လာရတဲ့အကြောင်းရင်းတွေထဲမှာ cash rebate policy ပြန်အမ်းငွေ ပြန်ပေးတဲ့ မူဝါဒတစ်ရပ်ကလည်း အဓိကအခန်းကပါဝင်ကြောင်း ချိုင်းက ထောက်ပြပါတယ်။
ထိုင်းနိုင်ငံတွင်း ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေမှာ ဒေသတွင်း ဘတ်ငွေ သန်း ၅၆၀ ကျော်သုံးစွဲတဲ့ ကုမ္ပဏီတွေ ကို ငွေကြေး ၁၅% ပြန်အမ်းပေးမှာဖြစ်ကြောင်း ဇန်နဝါရီလအတွင်းက TFO က ကြေညာခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံခြားရုပ်ရှင်ကုမ္ပဏီတွေအနေနဲ့ “ထိုင်းနိုင်ငံရဲ့ နူးညံ့စွမ်းအား (soft power)” ကို ထည့်သွင်းရိုက် ကူးကြော်ငြာပေးရင်ဖြစ်စေ ဇန်နဝါရီလ ၁ ရက်နေ့ကနေ စတင်ပြီး ဘတ်ငွေ သန်း ၁၅၀ ကျော်သုံးစွဲခဲ့ရင်ဖြစ်စေ နောက်ထပ် ပြန်အမ်းငွေ ၅% ခံစားခွင့်ရှိကြောင်း TFO က ပြောပါတယ်။
ရုပ်ရှင်ကုမ္ပဏီတစ်ခုအတွက် အမြင့်ဆုံးပြန်အမ်းငွေဟာ ဘတ်ငွေသန်း ၁၅၀ ဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၂၅ ရက်နေ့မှာပြီးဆုံးမယ့် ပြင်သစ်နိုင်ငံမှာကျင်းပနေတဲ့ ၂၀၂၄ ကန်းရုပ်ရှင်ပွဲတော် (Cannes Film Festival 2024) မှာ ထိုင်းရုပ်ရှင်တွေ တင်ပြနိုင်ဖို့အတွက် ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ထိုင်း ကုမ္ပဏီတချို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ်ချိုင်းက ပြောပါတယ်။
Ref: Foreign movies filmed in Thailand generate up to 3 bn baht in income
#PeopleMedia