နိုင်ငံခြားရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေထံက ဘတ်ငွေ ၁ ဘီလျံရရှိအောင် ထိုင်းနိုင်ငံက မက်လုံးပေး ဆွဲဆောင်သွားမည်
PUBLISHED - March 8, 2024
နိုင်ငံတကာ၊ မတ် ၈
ထိုင်းနိုင်ငံမှာ ရုပ်ရှင်လာရိုက်မယ့် ပြည်ပနိုင်ငံက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေကို အခုနှစ်အတွင်း မက်လုံး အမျိုးမျိုးပေးပြီး ၎င်းတို့ထံက ဘတ်ငွေ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထား ကြောင်း အစိုးရထိပ်တန်းအရာရှိတစ်ဦးက ကြာသပတေးနေ့ (မတ်လ ၇ ရက်နေ့) က ပြောကြားလိုက်ပါ တယ်။
ထိုင်းနိုင်ငံရုပ်ရှင်လုပ်ငန်းဟာ မတ်လ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပမယ့် ဟောင်ကောင်နိုင်ငံ တကာရုပ်ရှင်နဲ့ ရုပ်သံ ဈေးကွက်ပြပွဲ (HK Filmart 2024) ကို တက်ရောက်သွားမှာဖြစ်ကြောင်း ကမ္ဘာ လှည့်ခရီး သွားလုပ်ငန်းဦးစီးဌာန ညွှ့န်ကြားရေးမှူးချုပ် ဂျာတူရွန်ဖတ်ဒီးဝါနစ်က ပြောပါတယ်။
အခုနှစ်အတွက် ထိုင်းရုပ်ရှင်နဲ့ ရုပ်သံလုပ်ငန်းကို မြှင့်တင်ဖို့နဲ့ ပြည်ပနိုင်ငံရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေ ကို ထိုင်းနိုင်ငံမှာ ရုပ်ရှင်လာရိုက်ဖို့ ဆွဲဆောင်နိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားဦးစီးဌာနက ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး Content Thailand ပြပွဲရုံငယ်တစ်ခု တည်ဆောက် သွားမှာဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဦးစီးဌာနအနေနဲ့ ရုပ်ရှင်ရိုက်ကွင်းနေရာတွေအကြောင်းနဲ့ နိုင်ငံခြားရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် အခွန် ၂၀% လျှော့ချခြင်းအပါအဝင် မက်လုံးအမျိုးမျိုးပေးထားတဲ့ ပရိုမိုးရှင်းအစီအစဉ် တွေကို တင်ပြသွားမှာဖြစ်ကြောင်း ဂျာတူရွန်က ပြောပါတယ်။
“HK Filmart 2024 မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဦးစီးဌာနက နိုင်ငံခြားရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေ အထူးသဖြင့် တရုတ်နဲ့ ဟောင်ကောင်က ထုတ်လုပ်သူတွေဆီက ဘတ်ငွေ ၁ ဘီလျံကျော်ရရှိဖု့ိ ရည်မှန်း ချက် ချမှတ်ထားပါတယ်။
ဒီအစီအစဉ်က ထိုင်းစီးပွားရေးကို လှုံ့ဆော်ပေးနိုင်မှာဖြစ်ပြီး ထိုင်းရုပ်ရှင်လုပ်ငန်းလုပ်သားတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ကမ္ဘာ လှည့်ခရီးသွားတွေစိတ်ဝင်စားတဲ့နေရာတွေကို ရုပ်ရှင်ထဲမှာ ဖော်ပြပြီးသားဖြစ် သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဟောင်ကောင်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီက စည်းရုံးဆောင်ရွက်တဲ့ ၂၈ ကြိမ်မြောက် Filmart 2024 ပွဲတော်ဟာ အာရှတိုက်မှာ အကြီးမားဆုံး ရုပ်ရှင်နဲ့ ရုပ်သံ ဈေးကွက်ကြီးဖြစ်ပါတယ်။
အဲဒီပြပွဲမှာ ဟောင်ကောင်၊ တရုတ်ပြည်မကြီးနဲ့ နိုင်ငံတကာက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ၇၅၀ ဝန်း ကျင်လာရောက်ခင်းကျင်းပြသသွားနိုင်ဖို့ ရည်မှန်းထားပါတယ်။
Filmart 2024 ပြပွဲဟာ တရုတ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေအပြင် ဥရောပ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မကာအို၊ ထိုင်ဝမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရုပ်ရှင်ထုတ်လုပ် ရေးကုမ္ပဏီတွေကိုလည်း ဆွဲဆောင်သွားမှာဖြစ်တယ်လို့ Variety.com ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနလက်အောက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဦးစီး ဌာနရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ထိုင်းရုပ်ရှင်လုပ်ငန်းဟာ ထိုင်းနိုင်ငံမှာ ရုပ်ရှင်လာရောက်ရိုက်ကူးတဲ့ နိုင်ငံခြားရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီတွေကို အဆင်ပြေချောမွေ့အောင် ပံ့ပိုးကူညီသွားမှာဖြစ်ပြီး အဲဒီ ကုမ္ပဏီတွေအတွက် သတင်းအချက်အလက်စင်တာတစ်ခုအဖြစ် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာရုပ်ရှင်ရိုက်ကူးဖို့အတွက် ခွင့်ပြုချက်ထုတ်ပေးဖို့ ထိုင်းရုပ်ရှင်လုပ်ငန်းကို လုပ်ပိုင်ခွင့်ပေးထားသလို နိုင်ငံခြားကုမ္ပဏီတွေက ရိုက်ကူးမယ့် ရုပ်ရှင်တွေထဲမှာ ထိုင်းနိုင်ငံရဲ့ပုံရိပ်ကို မထိခိုက်စေဖို့အတွက်လည်း စောင့် ကြည့်သွားမှာဖြစ်ပါတယ်။
Ref: Thailand to offer incentives, targets THB1 bn investment from foreign filmmakers
#PeopleMedia