နိုင်ငံခြားသားထွက်ခွာခရီးသည်တွေအတွက် အလိုအလျောက်စစ်ဆေးစက်တွေကို သုဝဏ္ဏဘူမိလေဆိပ်မှာ သောကြာနေ့ကစပြီး အသုံးပြုတော့မည်
PUBLISHED - December 11, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၁
ထိုင်းနိုင်ငံက ထွက်ခွာမယ့်လေယာဉ်တွေပေါ်ကို ပိုမိုမြန်ဆန်စွာတက်ရောက်နိုင်ရေးအတွက် နိုင်ငံခြားသားထွက် ခွာခရီးသည်တွေရဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စ်) စစ်ဆေးဖို့အတွက် အ လိုအလျောက်စစ်ဆေးရေးစက်တွေ ကို သုဝဏ္ဏဘူမိလေဆိပ်ထဲမှာဒီဇင်ဘာလ ၁၅ ရက်နေ့ (သောကြာနေ့) ကစပြီး စတင်အသုံးပြုတော့ မှာဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုအကြီးအကဲ ဒုတိယရဲချုပ်ကြီး အစ်သီဖိုးလ်အစ်သီဆန်ရွန်နာချိုင်းက တနင်္လာ နေ့ (ဒီဇင်ဘာလ ၁၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
သုဝဏ္ဏဘူမိလေဆိပ်အနေနဲ့ ထွက်ခွာခရီးသည်တွေအတွက် နိုင်ငံကူးလက်မှတ်အလိုအလျောက်စစ်ဆေးရေး စက် ၁၆ လုံးကို ၂၀၂၁ ခုနှစ်ကစတင်အသုံးပြုခဲ့ပေမဲ့ ထိုင်းနိုင်ငံသားတွေအတွက်သာ အသုံးပြုနိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။
အဲဒီစက်က ခရီးသည်တစ်ဦးချင်းစီအတွက် မျက်နှာနဲ့ လက်ဗွေကို စကင်န်ဖတ်ဖို့ စက္ကန့် ၂၀ ပဲ ကြာမြင့်ပေမဲ့ အဲဒီလုပ်ငန်းစဉ်ကိုပဲ လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက ကိုင်တွယ်ဆောင်ရွက်မယ်ဆိုရင် ပုံမှန်အားဖြင့် ၄၅ စက္ကန့် ကြာမြင့်ပါတယ်။ လက်ရှိအချိန်မှာ သုဝဏ္ဏဘူမိလေဆိပ်ထဲမှာ တစ်ရက်ကို ထွက်ခွာခရီးသည် ၅၀၀၀၀ ကနေ ၆၀၀၀၀ အထိ ဝင်ရောက်သွားလာနေတာဖြစ်ပါတယ်။
တစ်နာရီမှာ ထွက်ခွာမယ့်လေယာဉ်ခရီးစဉ် ၂၀ ကျော်သွားချိန်မှာ လေဆိပ်အတွင်း ထွက်ခွာခရီးသည် ပြည့် နှက်ကျပ်သိပ်နေတယ်လို့ဆိုပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြုံရေးစစ်ဆေးမှုလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေတယ်ဆိုရင် ခရီးသည်တွေဟာ ၎င်းတို့လေယာဉ်ကို မမီတာမျိုးဖြစ်နိုင်တယ်လု့ိ ဆိုပါတယ်။
ခရီးသည်တွေပိုမိုလျင်မြင်စွာထွက်ခွာနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာရဲတပ်ဖွဲ့ဗျူရိုအနေနဲ့ အဲဒီ လုပ် ငန်းစဉ်ကို မြှင့်တင်လျက်ရှိကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစိုးရမူဝါဒနဲ့အညီ အခုလိုဆောင် ရွက်တောဖြစ်ကြောင်း ဒုတိယရဲချုပ်ကြီး အစ်သီဖိုးလ်အစ်သီဆန်ရွန်နာချိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်လောက်က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ တက်ရောက်ဖို့ မထွက်ခွာမီ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က လေဆိပ်ထဲမှာ ၎င်းကို မှာကြားခဲ့တာဖြစ်ကြောင်း ဒုတိယရဲချုပ်ကြီး အစ်သီဖိုးလ်က ပြောပါတယ်။
ခရီးသည်တွေ သွားလာမှုနှေးကွေးနေတာကို စိုးရိမ်မိကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး ထွက်ခွာခရီးသည်တွေ ရဲ့ နိုင်ငံကူးလက်မှတ်အလိုအလျောက်စစ်ဆေးနိုင်ရေး စက်တွေတပ်ဆင်နိုင်ဖို့အတွက် လေ့လာဆောင်ရွက်ဖို့ ၎င်းကို မှာကြားခဲ့တဲ့အတိုင်း အခုလိုဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ထွက်ခွာနိုင်ငံခြားသားတွေရဲ့ နိုင်ငံကူးလက်မှတ်စစ်ဆေးရေးအတွက် အလိုအလျောက်စစ်ဆေးရေးစက်သစ် ကြီးတွေကို သုဝဏ္ဏဘူမိလေဆိပ်ထဲမှာတပ်ဆင်ပြီးဖြစ်လို့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွင့်လှစ်အသုံးပြု သွားမှာဖြစ်ပါတယ်။
အခုအသစ်ဖွင့်လှစ်လိုက်တဲ့စက်တွေဟာ အီလက်ထရောနစ်နိုင်ငံကူးလက်မှတ် (e-passport) ကိုင်ဆောင်ထား တဲ့ နိုင်ငံခြားသားခရီးသည်တွေအတွက်ဖြစ်ပြီး နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့ (International Civil Aviation Organisation -ICAO) က ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားခရီးသည်တွေ၊ ကလေးသူငယ်တွေနဲ့ e-passport ကိုင်ဆောင်ထားပေမဲ့လည်း မသန်စွမ်းပုဂ္ဂိုလ်တွေကတော့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ ကိုင်တွယ်ဆောင် ရွက်နေတဲ့ စစ်ဆေးရေးလမ်းကြောင်းကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။
သုဝဏ္ဏဘူမိလေဆိပ်ထဲက ခရီးသည်တွေဝင်ထွက်သွားလာမှုဟာ တစ်နာရီကို ၅၀၀၀ ကနေ ၁၂၀၀၀ အထိ မြှင့် တက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးလုပ်ငန်းစဉ် ပိုမိုသွက်လက်မြန်ဆန်လာပေမဲ့လည်း အဲဒီစက်တွေက ဖမ်းဝရမ်း အထုတ်ခံထားရသူတွေ၊ ပြည်ပခရီးသွားလာခွင့်ပိတ်ပင်ခံထားရသူတွေနဲ့ ပြည်ဝင်ခွင့်သက်တမ်းကျော်လွန်နေတဲ့ သူတွေကို စုံစမ်းထောက်လှမ်းသွားနိုင်ကြောင်း ဒုတိယရဲချုပ်ကြီး အစ်သီဖိုးလ်က ပြောပါတယ်။
ဆိုက်ရောက်ခရီးသည်တွေကိုတော့ လုံခြုံရေးအတွက် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကပဲ ဆက်လက်စစ်ဆေး သွားမှာဖြစ်ပါတယ်။
ထွက်ခွာဆောင်တွေမှာ အလိုအလျောက်စစ်ဆေးရေးစက်တွေ ထပ်မံတပ်ဆင်ထားပြီးပြီဖြစ်လို့ ကမ္ဘာလှည့်ခရီး သွားအများဆုံးဝင်ရောက်လာချိန်မှာ ဝင်ရောက်လာတဲ့ခရီးသည်တွေကို ထိရောက်စွာစစ်ဆေးနိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကို ဝင်ရောက်ဆောင်တွေမှာ ရွှေ့ပြောင်းတာဝန်ပေးသွားမှာနိုင်မှာဖြစ်ကြောင်း ရဲချုပ်ချိုဝန်ဂရုန်းက ပြောပါတယ်။
Ref: Auto checkout at Suvarnabhumi for foreigners from Friday
#PeopleMedia