• Follow Us on
Latest News

Home နိုင်ငံခြားသားပညာရှင်တွေအတွက် ၁၀ နှစ်သက်တမ်းရှိတဲ့ EEC ဗီဇာထုတ်ပေးဖို့ ထိုင်းအစိုးရခွင့်ပြု

နိုင်ငံခြားသားပညာရှင်တွေအတွက် ၁၀ နှစ်သက်တမ်းရှိတဲ့ EEC ဗီဇာထုတ်ပေးဖို့ ထိုင်းအစိုးရခွင့်ပြု

Share this post

နိုင်ငံတကာ၊ မေ ၁၅

 

ထိုင်းနိုင်ငံထဲမှာ ရည်မှန်းထားတဲ့စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်စေဖို့ အရှေ့ဖျား စီး ပွားရေးရပ်ဝန်း (Eastern Economic Corridor – EEC) မှာ အလုပ်လုပ်နေတဲ့ အမှုဆောင်အရာရှိတွေနဲ့ ကျွမ်း ကျင်ပညာရှှုင်တွေအတွက် အထူးသီးသန့် ၁၀ နှစ် ဗီဇာထုတ်ပေးဖို့ ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုလိုက်ပါတယ်။

 

EEC မှာ အလုပ်လုပ်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေကို ဆွဲဆောင်တဲ့အနေနဲ့ EEC အထူးဗီဇာထုတ်ပေးဖို့ EEC ရုံးကတင်ပြလာတဲ့အဆိုပြုချက်ကို အစိုးရအဖွဲ့က ခွင့်ပြုလိုက်တာဖြစ်ကြောင်း ပတ်ချာဘူရီပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးအပြီး ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ရပ်ကလာအိုအင်တာဝေါင်ဆူ ဝန်ကီရီက ပြောပါတယ်။

 

အဲဒီဗီဇာဟာ ၁၀ နှစ်သက်တမ်းရှိမှာဖြစ်ပြီး သက်တမ်းကာလအတွင်း ထိုင်းနိုင်ငံထဲကို ဝင်ရောက်/ထွက်ခွာ သွားလာနိုင်ပေမဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်ကို အလုပ်ခန့်အပ်ထားတဲ့ ကန်ထရိုက်စာချုပ်ကာလအတွင်းသာ အကျုံး ဝင်မှာဖြစ်ပါတယ်။

 

ကနဦးကတော့ အဲဒီဗီဇာဟာ ထိုင်းနိုင်ငံအတွင်းမှာ ငါးနှစ်အထိသာ နေထိုင်ခွင့်ပြုထားပါတယ်။

 

EEC ဗီဇာကို ၁) အထူးကျွမ်းကျင်ပညာရှင်တွေအတွက် (EEC Visa “S”)၊ ၂) အမှုဆောင်အရာရှိတွေအတွက် (EEC visa “E”)၊ ၃) ကျွမ်းကျင်ဝန်ထမ်းတွေအတွက် (EEC visa “P”) နဲ့ ၄) မှီခိုနဲ့ မိသားစု ဝင်တွေအတွက် (EEC visa “O”) ဆိုပြီး လေးမျိုးခွဲထားပါတယ်။

 

အခုလို အထူးသီးသန့်ဗီဇာအပြင် ထိုင်းနိုင်ငံတွင်းနေထိုင်ပြီး EEC မှာ အလုပ်လုပ်နေတဲ့ အထူးကျွမ်းကျင်ပညာ ရှင်တွေဟာ ထိုင်းနိုင်ငံမှာ ဝင်ငွေခွန်အမြင့်ဆုံး ၃၅% အထိ တိုးမြှင့်ထားပေမဲ့ ဝင်ငွေခွန် ၁၇% သာပေးဆောင်ရ မယ့် ခံစားခွင့်ကိုပါ ရရှိမှာဖြစ်ပါတယ်။

 

EEC ဗီဇာဟာ နိုင်ငံက ရည်မှန်းချက်ချမှတ်ထားတဲ့ စက်မှုလုပ်ငန်းတွေကို အားပေးမြှင့်တင်သွားမှာဖြစ်သလို ထိုင်းနိုင်ငံရဲ့ အမျိုးသားယှဉ်ပြိုင်မှုစွမ်းရည်ကိုလည်း မြှင့်တင်သွားမှာဖြစ်ကြောင်း မစ္စရက်ကလာအိုက ပြောပါ တယ်။

 

ဒါ့အပြင် ထိုင်းလယ်သမားတွေရဲ့ဝင်ငွေ သုံးဆတိုးလာနိုင်တဲ့ ဒေသတွင်း လယ်ယာနဲ့ စားသောက်ကုန်လုပ်ငန်း ဗဟိုချက် မအဖြစ် ထိုင်းနိုင်ငံကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံ ချက်ရေးဆွဲ ဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာနကို ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က အင်္ဂါနေ့က ညွှန်ကြားခဲ့ပါတယ်။

 

Ref: Cabinet okays 10-year EEC visa for foreigners

 

#PeopleMedia


Share this post